စိတ်တူကိုယ်တူ

Posted: June 26, 2011 in ဗဟုသုတ

ဖတ်ခဲ့မိသောဆရာတော် တစ်ပါး၏ ၀ထ္ထုတစ်ပုဒ်အား မှတ်မိသလောက်ပြန်လည်မျှဝေခြင်းသာဖြစ်ကြောင်းဝန်ခံအပ်ပါသည်။

“ သင်အင်းရွာ´´ ပဲခူးရိုးမ၏ ရွာများအနက်မှ ရွာလေးတစ်ရွာဖြစ်သည်။ သင်ပင်တွေနှင့် အင်းများရှိသောကြောင့်
“ သင်အင်းရွာ ´´ ဟုခေါ်ကြရာမှ ထိုနာမည်တွင်နေပြီး ယခုအခါ ဂဇက်ထွက်သည့်စာရင်းပင်ဝင်နေပေတော့သည်။
ရွာကလေးရှိလူများမှာ တောတက်ပြီး သစ်ခုတ်၊ မှိုရှာ၊ စသည့်အလုပ်ဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုနေကြခြင်းဖြစ်သည်။
လယ်စိုက်၊ ယာစိုက်သူအနည်းငယ်ရှိပြီး ပင်ကိုယ်အားဖြင့်ရိုးသားကြိုးစားကြသူများသာဖြစ်ကြသည်။
ယခုနောက်ပိုင်းတွင်တော့ မြို့ပေါ်မှကုန်သည်များနှင့်ပေါင်းကာ နည်းနည်းအသောက်အစားဖက်ကာ ဆိုးသွမ်းလာကြသော်လည်း
ယေဘုယျအားဖြင့်အေးချမ်းသောရွာလေးတစ်ရွာသာဖြစ်သည်။
ယနေ့တွင်တော့ တောပေါ်တက်၍ သစ်ခုတ်သွားရန် ရွာရှိကာလသားတစ်စုတို့စုရုံးနေကြသည်။
ဟေ့ ဖိုးမောင်တို့ သာအေးတို့ မြန်မြန်လုပ်ကြဟ နေမမြင့်ခင် တောပေါ်တက်ရမှာ။.
မင်းတို့မလဲကွာ လေးပင်တက်ရန်ကော ဟု၍ ကာလသာကောင်း မြင့်မောင်မှာ တစ်ဖျစ်တောက်တောက်ဖြင့် ဆော်သြနေရပါသည်။
ဟုတ်လည်းဟုတ်သည်လေ တောပေါ်တက်သည့်အလုပ်မှာ နေမမြင့်ခင်တောပေါ်ရောက်ပြီး လုပ်ငန်းစလုပ်နိုင်မှ တော်ရာကျသည်
မဟုတ်ပါလား။ လူစုလိုက်တော့ အားလုံး ၁၄ ယောက်။ သူတို့ထဲတွင်တော့ မြမိုး ကအငယ်ဆုံး။ အမေအိုကြီးနှင့် နှစ်ယောက်တည်း
နေထိုင်ပြီး ယခုအခေါက်တွင်မှ အိမ်မိုးနိုင်ရန် ပထမဦးဆုံးလိုက်လာခြင်းဖြစ်သည်။
အားလုံးလူစုမိပြီဖြစ်၍ တောထဲတက်ကြသည်။ တောထဲရောက်လို့ သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင်က ရုတ်တရက် မဲမှောင်လာကာ
မိုးကရွာချပါလေတော့သည်။ အားလုံးမှာ နီးစပ်ရာသစ်ပင်တစ်ပင် အရိပ်အောက်တွင် ၀င်ခိုနားကြသည်။
ိသို့သော် မိုးကမစဲသည့်အပြင် ၀ုန်းဝုန်းဒိုင်းဒိုင်းနှင့် မိုးကြိုးတွေပါပစ်နေတော့သည်။ အငယ်ဆုံးလေး မြမိုးမှာ ပထမဆုံး
အခေါက်တွင် ထိုကဲ့သို့တွေ့ကြုံလိုက်ရသည့်အတွက် ကြောက်၍တုန်နေရှာသည်။ ရုတ်တရက် ဖြစ်လာသော ရာသီဥတုအခြေအနေကြောင့်
မြင့်မောင်မှာ စိတ်ပူလာပါသည်။ ထွက်လာတုန်းကမှ ကြည်ကြည်လင်လင် သာသာယာယာနဲ့ ရှိသေးသည်။
တစ်ခုခုတော့လွဲနေပြီဟု သူသိလိုက်သည်။ ငယ်ငယ်တုန်းက ဖတ်ခဲ့ကြားခဲ့ရသော ဘုရားဟောထဲမှ
မြစ်ထဲတွင် သင်္ဘောဆက်မသွား၍ လူယုတ်မာမဲနှိုက်ကာ မဲပေါက်သူအား ထားခဲ့မှ သင်္ဘောဆက်ထွက်ခွါလို့ရတာကို
ပြန်အောက်မေ့မိသည်။ မိမိတို့ထဲတွင်ကော ထိုကဲ့သို့လူယုတ်မာပါနေပြီလားမပြောတက်။ ဘာပဲဖြစ်ဖြစ်စမ်းတော့စမ်းကြည့်ရမည်။
ကဲ ကိုယ့်လူတို့ ရာသီဥတုအခုလို ရုတ်တရက်ထဖောက်လာတာကို ငါတော့မသင်္ကာဘူး။ အားလုံးအကြည့်က
သူဘာဆက်ပြောမည်ကို နားစွင့်နေကြသည်။ အဲဒီတော့ ငါတို့ထဲမှာ အမှားလုပ်လာခဲ့တဲ့လူတစ်ယောက်တော့ ပါလာပြီလို့
ငါထင်တယ်။ ဒါကြောင့် ဒီသစ်ပင်ကနေ အခုဟို မြင်နေရတဲ့ သစ်ပင်ဆီကို အငယ်ဆုံးလေး မြမိုးကလွဲပြီး
အသွားအပြန် လမ်းလျှောက်ရမယ်။ ငါအရင်စလျှောက်မယ်။ ပြီးရင် ၀င်းမော် မင်းအလှည့်။ ကျန်တဲ့သူတွေကတော့
အစဉ်အတိုင်းပဲ။ ခေါင်းဆောင်ကောင်းပီသစွာနှင့်ကဲစလျှောက်ပြီ။ တစ်လှမ်း..နှစ်လှမ်း ။ မိုးတွေကလည်းသဲသဲမဲမဲရွာနေသည်။
ကျန်တဲ့သူများမှာလည်းဘာဖြစ်မလဲဟု ရင်တထိတ်ထိတ်ဖြင့်ကြည့်နေကြသည်။ သူများအပေါ်မကောင်းစိတ်မထားတာ
မဟုတ်သော်လည်း မိမိအလှည့် မရောက်ခင် တစ်ခုခုများဖြစ်သွားမလားဟု ကြည့်မိသည်။
ကာလသားခေါင်းမြင့်မောင်တော့ ပြန်ရောက်လာပြီ။ ၀င်းမော် မျက်နှာပျက်နေသည်။ ဘုရားစာတွေလည်းရွတ်နေသည်။
မလျှောက်လို့ကလည်းမရ။ လျှောက်ပြရပေတော့မည်။ မထူးပါဘူးဟု စိတ်ကိုအားတင်းကာ ဟိုဘက်သို့ မပြေးရုံတစ်မယ်
လျှောက်ပြလိုက်သည်။ ပြီးတော့ဒီဘက်သို့ခက်သွက်သွက်ပြန်လာပြီးမှ ဟင်းဟုဆိုကာ စိတ်ကိုဒုန်းဒုန်းချလိုက်သည်။
ဝင်းမောင်ပြီးတော့ ဖိုးမောင်အလှည့်။ ဖိုးမောင်သိသာစွာ မျက်နှာပျက်နေသည်။ အမေအိုကြီးကို နင်ပဲငဆ ပြန်ပြောခဲ့တာတွေ
ဆဲခဲ့တာတွေအတွက်အခုမှ နောင်တရနေသည်။ ကြောက်ဒူးတွေတုန်နေရှာသည်။ သို့သော် မိမိရှေ့မှ လျှောက်သွား
သူများကြောင့် နေလို့ကတော့မဖြစ်။ အမယ်လေးအမေရဲ့ မဆဲတော့ပါဘူးဗျ ဟုအော်ကာ ပြေးထွက်သွားလေသည်။
ဟိုဘက်သစ်ပင်အောင်တွင် အကြောက်မပြေ၍ မခိုင်သောဒူးကို ငြိမ်အောင်ထိန်းပြီးမှ ပြန်လျှောက်လာခဲ့သည်။
ကျန်တဲ့သူတွေလည်း ရင်တမမနဲ့ကြည့်နေကြသည်။ မိမိတို့အလှည့်နီးပြီမဟုတ်ပါလား။
ဖိုးမောင်ပြန်ရောက်လာတော့ ခြေပစ်လက်ပစ်လဲကျသွားသည်။ သူပြီးတော့ သာအေး။ ဘုရားတရားကိုမယုံသူ။
ဘုရားတင်တာကိုပင် အကုန်ခံတယ်ဟုထင်မြင်သူ။ ဘုရားပန်းတင်တာကိုလည်း ကြွက်သိုက်လုပ်တာဟု ပြောဆိုနေသူတစ်ဦး။
အခုမှ အကြောက်လွန်ကာ ဘုရားစာတွေဘာတွေရွတ်လို့။ အမြှီးအမောက်ကမတည့်ဘူးပေါ့။ သူလည်းကြောက်အားလန့်အားနဲ့
သွားရတာပါပဲ။ ဘုရားဆိုကြည်ငြိုပါတော့မယ်။ နောက်တစ်ခါမမိုက်တော့ပါဘူးဆိုပြီးတော့ပေါ့။
သူလည်းဒီဘက်ကိုပြန်ရောက်လာတာပါပဲ။ အဲလိုနဲ့ ၁၃ ယောက်သာပြီးသွားတယ်။ ဒီအတိုင်းပဲ။ နောက်ဆုံးတော့ မြမိုးလေးကို
လျှောက်ခိုင်းရတော့တာပေါ့။ ချန်ထားလို့လည်းမရတော့ဘူးလေ။ လူဆိုတာ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးမို့လား။
မြမိုးလေးခင်မျာ ပထမဆုံးအခေါက်မှာပဲ ကြောက်လန့်နေရှာတာပေါ့။ ဒါပေမယ့်လည်း လျှောက်ရတော့မှာပဲဆိုတော့
အမေသင်ပေးတဲ့ သမ္ဗုဒ္ဓေဂါထာရွတ်ပြီးလျှောက်တာ။ တစ်လှမ်း……..နှစ်လှမ်း…….သုံးလှမ်း လျှောက်လာလိုက်တာ
ဂျိန်းဆိုတဲ့အသံကြီးကြားပြီး လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့။ မြမိုး…….မြမိုး ထ..ထ ဆိုတဲ့အသံကြားလို့
ဘာများဖြစ်သွားတာပါလိမ့်လို့ကြည့်လိုက်တော့ သစ်ပင်အောက်မှာ ကျန်ခဲ့တဲ့ ၁၃ ယောက်ကို မိုးကြိုးမှန်ထားတာကို
တွေ့လိုက်ရပါလေတော့တယ်။
သူတို့ ၁၃ ယောက်ခင်မျာ ဘာအပြစ်တွေကိုများ စိတ်တူကိုယ်တူ ကျူးလွန်မိကြတာလဲဆိုတာကိုတော့ သူတို့မှသာသိပါတော့မယ်။
ထိုကိစ္စရပ်များဖြစ်ပွါးပြီး နှစ်အတော်ကြာသည့်အချိန်တွင် သင်အင်ပင်းရွာဦးကျောင်းတိုက်၌ ဆရာတော်ရှင် ပညာသာရသည်
မျက်လုံးလေးမှိတ်ကာ စင်္ကြန်တရားရှုမှတ်လျက် ညနေတိုင်းလမ်းလျှောက်နေသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
၎င်းဆရာတော်မှာ မြမိုးကလေးဖြစ်သည်ကိုတော့ အထူးပြောစရာလိုမည်မထင်တော့ပါချေ။
(စာရေးဆရာကတော့ တစ်ကယ့်အဖြစ်အပျက်ဟု ပြောထားပါသည်။)

ကျွန်တော်ဟိုတစ်ခါက မေးဘူးတဲ့ လောသကတိဿမထေရ် ဇာတ်ကြောင်းထဲက ရွာသူရွာသားတွေအကြောင်းကို
ဘုရားဟောထားတာ သီးသန့်ရှိသလားလို့သိချင်တာပါ။ ဘယ်ဆရာတော်မှာ ဟောတာမကြားဘူးတော့ မေးကြည့်တာပါ။
ကံကံ၏အကျိုးကိုမယုံလို့တော့မဟုတ်ပါဘူး။ ဖြေပေးကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်။
တခြားဝဘ်ဆိုဒ်မှာ မေးကြည့်တော့ ဆရာတော်တစ်ပါးက စာအုပ်တွေသေချာရှာပေမယ့် ဒကာလေးပြောတဲ့
အကြောင်းမပါဘူးလို့ ဖြေသွားလို့ သိချင်တာလေးလည်းသိလိုက်ရပါပြီ။ မေးတာမရှင်းတဲ့အတွက်
အယူအဆမတူညီတာတွေရှိလည်း အရေးတစ်ယူဖြေပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
ခင်မင်လျက်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s