အနာဂတ်အတွက် ရွှေရောင်ချွေးစက်များ

Posted: June 27, 2011 in ကဗျာ

မွေးမြေရဲ့ အဝေး
အတွေးဆန္ဒကိုယ်စီ
ကိုယ်မှီတဲ့ အားနဲ့ 
သွားခဲကြတယ်…။

မြင့် မားတဲ့ ပန်းတိုင်
လှမ်းနိုင်ဘို့ ရည်ရွယ်
နယ်တကာမှာကျယ်ပြန့် 
ဆန့် ခဲ့ ကြတဲ့ မြန်မာတွေ
သိန်းသန်းမကတော့ဘူးနော်…။

နိုင်ငံကမလှတော့
အခြေတကျမရှိ
ထိတဲ့ ရင်ထဲ
ကျေကွဲလို့ မပြီး
ကိုယ့် ခရီးကိုယ်လျှောက်
ကိုယ့် ထမင်းကိုယ်စား
ဝေဒနာများစွာ
ကိုယ့် ဝမ်းနာကိုယ်အသိဆုံးပါ…ကွာ…။

မိသားစုအရေး
ဘ၀ပေးအခြေအနေ
အပျော်တွေပျောက်ဆုံး
လုံးပါးပါးတဲ့ ညများစွာ
နှစ်တွေကြာခဲ့ ပြီပေါ့ …။

အဖေအမေကိုသတိရ
သားသမီးတမ်းတနဲ့ 
လွမ်းနေသမျှဇနီးသည်
ရင်ဝယ်မချိ
ငြိတဲ့ ချစ်သူ
အပူကလည်းဆိုးဝါး
နှလုံးသားရဲ့ ခံစားမှုများ
(လူတိုင်းမှာ)
အထင်အရှားပါဘဲလေ…။

ပြန်မဲ့ ရက်တွက်ရေ
လက်မညီတော့တဲ့ အင်အားများ
ကြိုးစားကျိတ်မှိတ်
ဆိတ်ဆိတ်ကြိတ်ငို
အတိတ်ကိုထားခဲ့ 
ရတဲ့ သင်ခန်းစာများ
မေ့ သွားဘို့ လည်းခက်တယ်လေ…။

လူအမျိုးမျိုး
စိတ်အထွေအထွေ
မိတ်ဆွေသစ်များ
စားအတူသွားအတူ
လက်တွဲကူကြ
ဒီဘ၀မှာတော့……
သတိတရတော့ရှိနေမှာပါ…။

ပင်ပန်းလို့ ကျတဲ့ ချွေး
ခြေမလေးကိုစီးဆင်း
တင်းထားတဲ့စိတ်နဲ့ 
အိပ်မက်လေးလှအောင်ကြိုးစား
မနေမနားနဲ့ 
အားငယ်တာတွေမေ့လိုက်
အောင်မြင်မှုတွေပိုက်ချင်တယ်..ဗျာ..။

ပြည့် စုံတဲ့ လက်ခြေကို
ပြတ်ချွေပေးဆပ်
သွေးစက်လည်းကျ
ဘ၀သက်သေ
မျက်ရည်ဝေလျှက်
အသက်တွေကျေမွခဲ့ သူများ…
သတင်းအမြဲကြားနေဆဲပါ…။

ဘ၀အခြေကျဘို့ 
ရငွေမှန်သမျှစု
ပြုသမျှဝတ္တရားများ
စံစားပြည့် စုံ
ကုံလုံကြွယ်ဝ
လှပကြစေလို့ လည်း
ဆုတောင်းမိပါတယ်…။

နိုင်ငံခြားမှာ
အပျော်ရှာ
လစာလည်းကုန်
လူကြုံလည်းမှာ
တော်ရာမှာမနေ
အမြင်မတော်တာတွေလည်း
တွေ့ ခဲ့ ပါရဲ့ …။

လွမ်းရေးထက်
ဝမ်းရေးခက်
ရည်ရွယ်ချက်များ
နှလုံးသားမှာဖြစ်တည်
စိတ်ကြည်ဘို့ လည်းမွေး
ဘ၀ကြွေးများလည်းစပ်ကြစို့ လား…။

မိဘဝေးကွာ
စိတ်တွေဖြာလို့ 
ကိုယ် သာလျှင်ဆုံးဖြတ်
သုံးသပ်မှီခို
လိုတဲ့ ကံတရား
ရှင်ဘုရားသာသိ
အိပ်တဲ့ အထိလည်း
စိတ်ရှိကြစေနော်…။

တက်ကြွစိတ်ထား
ခွန်အားများမွေးထုတ်
ကြိုးကုတ်ကြိုးစား
အိမ်သားများလှစေ
ရွှေရောင်ချွေးစက်
တန်ဘိုးတက်လျှက်ပါ…။

နိုင်ငံတကာမှာ
ရွှေမြန်မာရယ်ထင်ရှား
ဝင့်ကြွားအားမာန်
ကာရန်တွေလှ
တို့ ဘ၀ရဲ့ အနာဂတ်
ချွေးစက်ကျကျိုးနပ်မှာပါ….သူငယ်ချင်း..။ ။

ပြည်ပရောက်ဘ၀တူသူငယ်ချင်းများအတွက်ဖြစ်ပါတယ်..။အားလုံးကျန်းမာ
ပျော်ရွှင်စွာနဲ့ လိုရာခရီးလှမ်းနိုင်ကြပါစေဗျာ..။ကဗျာအမှားအယွင်းရှိခဲ့ ရင်ခွင့် 
လွှတ်စေချင်ပါတယ်…။

Written by အလင်္ကာဒီပချစ်သူ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s