ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၁၀)။ ဦးအောင်ဇေယျ

Posted: July 4, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ၁၈ ရာစုကာလ အခြေအနေတွေကို သူက “မျိုးချစ်စိတ်ရဲ့ အကျိုးဆက်များ” ဆိုပြီး တင်ပြခဲ့ပါတယ်။ အထူးသဖြင့် ကတော့ ဘုရင့်နောင်လွန် လေပြီး နှစ် ၂ဝဝ မှာ ကျဆင်း နေတဲ့ မြန်မာမင်းတွေရဲ့ သြဇာကိုစုစည်းပြီး အင်ပိုင်ယာ ပြည့်ရှင်ဖြစ်လာတဲ့ မုဆိုးဘို ကျေးတိုင်သူကြီး ဦးအောင်ဇေယျအကြောင်းနဲ့ အဲသည်ခေတ်ပတ်ဝန်းကျင် အခြေအနေ တွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား

ဘုရင့်နောင်လွန်လေပြီးတဲ့ နှစ် ၂ဝဝ ကျော်မှာတော့ မြန်မာမင်းတွေရဲ့သြဇာဟာ အတော့်ကို ယိုယွင်းကျဆင်းနေ ပါပြီ။ မဏိပူဘုရင်ဂျိုင်ဆင်းရဲ့ ကသည်းမြင်းသည်တော်တွေကလည်း အင်းဝရွှေနန်းတော်အနီးက မူးမြစ်ဝှမ်း ဒေသကိုတောင် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်လုယက်နေကြပါတယ်။ အင်းဝ နန်းတော်ကလည်း အကာ အကွယ်မပေးနိုင်တော့ပါဘူး။ မြန်မာပြည်အထက်ပိုင်းမှာ ဒီလိုဖြစ်နေချိန်မှာ တောင်ပိုင်းမှာလည်း ၁၇၄ဝ မှာ ပဲခူးမှာ ဗညားဒလဦးဆောင်လို့ စတင် ပုန်ကန်ခြားနားကြပါတယ်။ ပဲခူးဒေသနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က နဂိုရ် ကတည်းက မွန်စကားပြောဒေသတွေ ဖြစ်လို့ မကြာခင်မှာပဲ သူတို့က မွန်ထီးနန်းကို ပြန်လည်ထောင်ထူ ထောင်ကြပါတယ်။ ဒါတင်မကပါဘူး။ မွန်တွေက သူတို့သြဇာကို ချဲ့လာလိုက်တာ အင်းဝနန်းတော်ကိုတောင် ပြန်ခြိမ်းခြောက်တဲ့ အခြေအနေ ရောက်လာပါတော့တယ်။ မွန်ဘုရင် ဗညားဒလ က ဟင်္သာတ၊ ပြည်၊ မုတ္တမကို သိမ်းပါတယ်။ နောက်တော့အင်းဝကိုလည်း သိပ်မတိုက်လိုက်ရဘဲ ဗညားဒလက ရလိုက်ပါ တယ်။ မြန်မာဘုရင် အိုကြီးနဲ့ မိသားစုတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အင်းဝနန်းတော်မှာ အနီးတဝိုက်က ဒေသ တွေကို သြဇာညောင်းအောင် ဆက်လုပ်ဖို့ဗညားဒလက တပ်တချို့ချန်ထားခဲ့ပါတယ်။

အဲသည်အချိန်မှာ ဗညားဒလ သြဇာမညောင်းနိုင်သူကတော့ မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျပါပဲ။ မြန်မာ ဘုရင်တွေ သြဇာ တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့ ကာလအတွင်းမှာ မြို့သူကြီး၊ ကျေးတိုင်ရွာသူကြီးတွေက သူတို့ဘာသာ သူတို့အရေး ကိစ္စတွေကို စီမံနေခဲ့ကြရပါတယ်။ မုဆိုးဘိုရွာက အင်းဝနဲ့မိုင် ၆ဝ လောက်အကွာ မှာရှိပြီး အင်းဝနန်းတော်ကျတဲ့အချိန်မှာ ဦးအောင်ဇေယျ က အသက် ၃၆ နှစ်၊ အိမ်ထောင်ရှိပြီး ဆယ်ကျော် သက်အရွယ်သားတွေ ရှိနေပါတယ်။ သူက ဆွေမျိုး အုပ်စုတောင့်တယ်လို့ ဆိုရပါလိမ့်မယ်။ မူးမြစ်ဝှမ်းဒေသ တဝိုက်မှာ သြဇာရှိပြီး၊ သူက ပုဂံခေတ်မြင်းတပ်ဗိုလ်တဦးကနေ ဆင်းသက်တယ်လို့ ဆိုပါ တယ်။

ပဲခူးဘုရင် ဗညားဒလက သူ့ပိုင်တဲ့ မုဆိုးဖိုရွာကို သြဇာလွှမ်းဖို့ ကြိုးစားလာတော့သူက ချက်ချင်းတုံ့ပြန်ပါတယ်။ ထန်းပင်တွေကို ခုတ်၊ မုဆိုးဘိုရွာကို ထန်းလုံးသစ်တပ်ကာပြီး လူသူစုဆောင်းခုခံပါတယ်။ မွန်တွေက ချေမှုန်းဖို့ စစ်တပ်တွေ အင်အားသုံး စေလွှတ်ပေမယ့်လည်း သူက ပြန်လှန်နိုင်လိုက်ပါတယ်။ ဒီသတင်းက ချက်ချင်းပဲ ဒေသ အတွင်းပျံ့သွားသလို၊ သူနဲ့ပူးပေါင်း လာကြပါတယ်။ မွန်တွေရဲ့သြဇာကို အခြားခုခံ နေတဲ့ စလင်းတို့၊ မိုးကောင်း တို့လ စသဖြင့်က ပူးပေါင်းလာကြပြီး၊ နေ့ချင်း ညချင်း ဆိုသလို သူ့က အထွဋ်အထိပ်ကို ရောက်လာစေ ပါတော့ တယ်။

ဦးအောင်ဇေယျက အင်းဝနန်းတော်က ဘုရားတဆူကို ပူဇော်ကန်တော့ဖို့အသွား ၁၇၅၄ ခုနှစ်၊ နှင်းမှုံတွေ ဝေနေတဲ့ မနက်ခင်း တခုမှာတော့ ယခင်က ပဏာဆက် ရှမ်းပြည်နယ်တွေထဲက စော်ဘွားတဦးက လာလို့ ဒူးထောက်သစ္စာ ခံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လူတွေက သူ့ကိုဘုရင်အဖြစ်ခေါ်ဆိုလာကြပါတော့တယ်။

စစ်ပွဲအနေ အထားကိုကြည့်ရင် လူမျိုးရေးအခြေခံလည်း ပါတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာတွေရှိနေတဲ့ မြောက်ပိုင်းက မွန် တွေ တောင်ပိုင်းရဲ့သြဇာကို မခံကြဘဲ ပြန်တိုက်ကြတာပါပဲ။ နောက်တော့ ဦးအောင်ဇေယျ က မုဆိုးဖိုကို ရွှေဘိုလို့ နာမည် ပြောင်းခဲ့ပါတယ်။ စစ်ပွဲတွေမှာ မြန်မာစစ်သည်တွေကလည်း “ရွှေဘိုသားကွ” ဆိုပြီး ကြွေးကြော် စစ်တိုက်ကြတယ်လို့ ဆိုပါတယ်။

ဦးအောင်ဇေယျက သူ့တပ်ကို မဏိပူကသည်းတွေဆီကို စေလွှတ်ပြီး မူးမြစ်ဝှမ်းကို လာကျူးကျော်နေတဲ့ကိစ္စ တွေ ရပ်စေခဲ့ပါ တယ်။ စစ်သူကြီး မင်းလှမင်းခေါင်ကျော်ကို ရှမ်းတောင်တန်းတွေဆီ စေလွှတ်ပြီး စော်ဘွားအကြီး အကဲတွေကို သစ္စာခံ စေခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်အထိ သံလျှင်နဲ့ ပဲခူးက မကျသေးပါဘူး။

ဒီအချိန်နိုင်ငံခြား ဆက်ဆံရေးကိစ္စတွေကိုလည်း ပြန်ကြည့်ရအောင်ပါ။ ပြင်သစ်တွေက မွန်ဘုရင် ဗညားဒလဖက် က ကူကြပါ တယ်။ ပြင်သစ်အိန္ဒိယနယ်တွေအတွက် ဘုရင်ခံဖြစ်နေသူ ဂျိုးဆက် ဖရန်ဆွာ ဒျူးပလက်စ်က ဗညားဒလဖက်ကို အလေးပေး ပါတယ်။ မွန်ဘုရင်ရဲ့သံအဖွဲ့ ပြင်သစ်ပိုင် အိန္ဒိယက ပွန်ဒီချယ်ရီမြို့ကို ၁၇၅ဝ ခုနှစ်မှာ ရောက်လာတော့ ခမ်းခမ်းနာနားကြိုဆို ဧည့်ခံပါတယ်။ သူ့လက်ထောက် ဆီညော် ဒီ ဘရူနို ကိုလည်း ပဲခူး နန်းတော်ဆီသွားဖို့ တာဝန်ပေးခဲ့ပါ တယ်။ သူ့ဗျူဟာက အားနည်းတဲ့အုပ်စုဖက်က ရပ်တည်ရင် သူတို့ အပေါ် မှီခိုမယ်၊ သူတို့သြဇာပိုလွှမ်းနိုင်မယ်လို့ ယူဆပါတယ်။ ဒျူးပလက်စ် ပြင်သစ်နိုင်ငံက အထက်အရာရှိ တွေကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဟာ မကြာခင် ပြင်သစ်ကိုလိုနီ ဖြစ်လာမယ်လို့ စာရေး အစီရင်ခံခဲ့ပါတယ်။

အိန္ဒိယတိုက်၊ မဒရပ်မှာ အခြေစိုက်နေတဲ့ အင်္ဂလိပ်တွေကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။ သူတို့ က မွန်- မြန်မာစစ်ပွဲတွေ ဖြစ်လာနိုင်တာသိပါတယ်။ အင်္ဂလိပ်တွေရဲ့ အရှေ့အိန္ဒိယကုမ္ပဏီက ဧရာဝတီမြစ်ဝှမ်း မှာ ဆိပ်ကမ်း အခြေခံကောင်းကောင်းလိုချင်သလို၊ အဲသည်အချိန်က မြန်မာတွေရဲ့သင်္ဘောဆောက်လုပ်ငန်းဟာ လည်း ကမ္ဘာ့ တန်းဝင် ဖြစ်နေတော့ စိတ်ဝင်တစားရှိနေကြပါတယ်။ အင်္ဂလိပ်တွေကလည်း ပဲခူးမွန်နေပြည်တော် ကို ချက်ချင်း သံအဖွဲ့လွှတ်တော့ ဗညားဒလက နေဂရေ့စ်ကျွန်းကို အင်္ဂလိပ်တွေကိုပေးပါတယ်။ ဒါပေမယ့် ပြင်သစ်တွေက ဗညားဒလကို အလုံးအရင်း ဆက်ကူခဲ့ပါတယ်။ ပြင်သစ်အမြောက်တွေ၊ မီးပေါက်သေနတ်တွေ က ပဲခူးကို တဖြည်းဖြည်းဝင်လာနေပါပြီ။

အင်္ဂလိပ်ရော၊ ပြင်သစ်ရောက နိုင်မယ့်ဖက်ကို ရပ်လိုကြပါတယ်။ ဒါပေမယ့်လည်း သူတို့က ဦးအောင်ဇေယျကို လျှော့တွက်ခဲ့ ကြပါတယ်။ ဦးအောင်ဇေယျတပ်တွေက ၁၇၅၅ ခုနှစ်မှာ ဗျူဟာအရ အရေးပါတဲ့ ပြည်ကိုသိမ်းပါ တယ်။ သိပ်မကြာခင်မှာပဲ မြစ်ဝကျွန်းပေါ်က ဓနုဖြူနဲ့ ဒဂုံကို ဆက်သိမ်းပါတယ်။ ဦးအောင်ဇေယျက သူသိမ်း ပိုက်ရတဲ့မြို့တွေမှာ သူ့အာဏာစက်ကို ပြချင်လို့ တင်းတင်းကျပ်ကျပ်အုပ်ချုပ် ကွပ်ကဲပါတယ်။ သူက မကြာခင် မှာ အပြီးသတ်နိုင်တော့မယ် ယူဆလို့ ဒဂုံကိုလည်း ရန်ကုန်လို့ မြို့အမည် ပြောင်းခဲ့ပါတယ်။

ပြင်သစ်က ပဲခူးပြည့်ရှင်ကို ကူညီနေရာကနေ ဦးအောင်ဇေယျထံ ဖက်ပြောင်းဖို့ လုပ်ပါတယ်။ သေနတ်အချို့ကို လက်ဆောင် ဆက်ပါတယ်။ ဦးအောင်ဇေယျက လက်ဆောင်ကိုလက်ခံပေမယ့်လည်း ပြင်သစ်ကို ရန်သူလို့ မြင်နေတုန်းပါ။ အင်္ဂလိပ်တွေက နေဂရေ့စ်ကျွန်းကို သိမ်းပိုက်တာ ဦးအောင်ဇေယျက တရားဝင်ကန့်ကွက် သော်လည်း သူက အင်္ဂလိပ်ဆီက စစ်ရေးအကူအညီ မျှော်လင့်နေပါတယ်။ ပြဿနာက သူ့ကို ကူဖို့လက်နက် သိပ်မကျန်တော့ တာပါဘဲ။ အဲသည်အချိန်မှာ ဥရောပမှာက အင်္ဂလိပ် က ပြင်သစ်ကို စစ်ကြေညာပြီး ၇ နှစ်ကြာ စစ်ပွဲစတိုက် နေတဲ့ အချိန်ပါ။

အင်္ဂလိပ်တွေရဲ့ အရှေ့အိန္ဒိယကုမ္ပဏီက ဦးအောင်ဇေယျနဲ့ ကုန်သွယ်ရေးစာချုပ်ချုပ်ဖို့ ပြောပါတယ်။ သူက နေဂရေ့စ်ကျွန်းမှ အင်္ဂလိပ်တွေကို အပိုင်စားပေးနေသော်လည်း စာချုပ်ကိုတော့ လက်မှတ်မထိုးပါဘူး။ ဒါပေ မယ့် ဦးအောင်ဇေယျက ရွှေ အစစ်အလွှာပေါ်မှာ “ရွှေတွင်း၊ ငွေတွင်း၊ ပုယင်း၊ ဒုတ္တာ ပိုင်သတော်မူသော” စသဖြင့် အစချီလို့ အင်္ဂလိပ်ဘုရင် တတိယမြောက် ဂျော့ဘုရင်ကို မဟာမိတ်ခိုင်ခိုင်မာမာပြုဖို့ စာပို့ခဲ့ပါတယ်။ လအတန်ကြာ စာပြန်မလာတော့ ဦးအောင်ဇေယျက စိတ်ကွက်ပါ တယ်။ သူက လှည့်စားခံရသလိုလည်း ခံစား နေရပါတယ်။ မယုံသင်္ကာစိတ်လည်း ပေါ်လာပါတယ်။

ဒီအချိန်တိုင် သံလျှင်နဲ့ ပဲခူးကို မသိမ်းရသေးပါဘူး။ သို့သော်လည်း နယ်မြေအများအပြားကိုတော့ ဦးအောင် ဇေယျက သြဇာ ချဲ့ထားနိုင်ပါပြီ။ သူက ပြင်သစ်က စစ်ကူတွေ မွန်ဖက်ရောက်လာမှာကို စိုးရိမ်ပါတယ်။ သံလျှင် ခံတပ်မှာလည်း ပြင်သစ်ဗိုလ် ဘရူနိုက ကူညီနေပါတယ်။ သံလျှင်က ပထမကျပါတယ်။ သံလျှင်ကျပြီးတော့မှ စစ်ကူရောက်လာတဲ့ ပြင်သစ်စစ်သင်္ဘော ၂ စီးနဲ့ လက်နက်လူသူတွေကိုလည်း ဦးအောင်ဇေယျက သိမ်းနိုင်ခဲ့ပါ တယ်။ ၁၇၅၇ ခုနှစ်မှာတော့ ပဲခူးနေပြည်တော် ကျပါတယ်။ သူက အညိုးနဲ့ ပဲခူးတမြို့လုံးကို မီးတိုက်ခဲ့သလို၊ ဖျက်ဆီးသတ်ဖြတ်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ မွန်အများအပြား လည်း ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ကြ ရပါတယ်။

သံလျှင်မှာ သူဖမ်းမိတဲ့ ပြင်သစ်ဗိုလ် သံကိုယ်စားလှယ် ဘရူနိုကိုတော့ နေခြောက်လှန်း ကွပ်မျက်ခဲ့တယ် ဆိုပါ တယ်။ ဒါပေမယ့် လည်း ကျန်တဲ့ ဖမ်းမိတဲ့ပြင်သစ်စစ်သည်တွေကိုတော့ ပေါ်တူဂီတွေရှိနေတဲ့ ဖာရင်ဂီ ရွာတွေဆီ ပို့ခဲ့ပါတယ်။ သူရဲ့တပ်မှာလည်း ပြန်လို့နေရာပေးခဲ့ပါတယ်။ ပြင်သစ်အမြောက်ဗိုလ် ပဲရီ ဒီ မေးလဒ် ဟာဆိုရင် အလောင်းဘုရားနဲ့ အတူတူ နှစ်ပေါင်း ၂ဝ ကျော် အမှုထမ်းခဲ့ပြီး မဏိပူ၊ အယုဒ္ဓယ (ယိုးဒယား)၊ ပဲခူးကို သိမ်းပိုက် တဲ့ စစ်ဆင် ရေးတွေမှာ တောင် ပါဝင်ခဲ့ပါတယ်။

အလောင်းဘုရားဘွဲ့ခံ ဦးအောင်ဇေယျကတော့ အယုဒ္ဓြွယကို သူကိုယ်တိုင် ဦးဆောင် စစ်ချီစဉ်မှာပဲ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ ၁၇၆ဝ မှာ ကွယ်လွန်ခဲ့ပါတယ်။ နောက်တပတ်မှာတော့ နောက်ပိုင်းကုန်းဘောင်ခေတ် အခြေအနေတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယောဟန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s