၁၉ဇူလိုင်ထာဝရမမေ့နိုင်

Posted: July 16, 2011 in ဗဟုသုတ

မကြာခင်ပဲ ၁၉ ဇူလိုင်ဆိုတဲ့ နေ့တစ်နေ့ကို ရောက်ပါတော့မယ်။
ကျွန်တော်တို့အားလုံးအတွက် မမေ့နိုင်တော့ မယ့်နေ့၊ မြန်မာ့သမိုင်းမှာ အမည်းစက်စွန်းခဲ့ရတဲ့နေ့ ပေါ့။
တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်မှာ ကျွန်တော် ကလဲ မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်ဆိုတဲ့ စာ အုပ်တစ်အုပ် ကြိုးစားပြုစုနေမိတယ်။ မကြာမီဖြစ် ပေါ်လာတော့မယ့် ကျွန်တော်တို့နိုင်ငံရဲ့ အချိုးအကွေ့ ကာလအတွက် အထောက်အကူများရမလားလို့ပါ။
အဲဒီစာအုပ်ကိုလဲ ရေးနေရင်း ၁၉ဇူလိုင် နားလဲ နီးလာတဲ့အခါ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တဲ့ ဗိုလ်ချုပ်တို့
ကျဆုံးခဲ့ရခြင်းကို မေ့ မရနိုင်အောင်ဖြစ်မိတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ ကျွန်တော့်ခေါင်းထဲမှာ ပေါ်ပေါက်နေတဲ့ မေးခွန်းလေး ကို
ကျွန်တော့်ဘာသာ အဖြေရှာရင်း ဒီဆောင်းပါး လေးရေးဖြစ်ခဲ့ပါတယ်။
­
တကယ်တော့ ဂျပန်ကိုတော်လှန်အပြီး အင် အားကောင်းနေတဲ့ ဖဆပလအဖွဲ့ကြီးနဲ့အတူ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အရှိန်အ၀ါ
တစ်ဟုန်ထိုး တိုးတက်လာ ခြင်းနဲ့ တစ်ပြိုင်နက် သူ့အပေါ် မလိုမုန်းထားမှုတွေက လဲ အများအပြားရှိလာခဲ့တာပါ။လူထုရဲ့ ချစ်ခင်မှုကို
ခံလာခြင်းနဲ့အတူ သူ့ ကိုမနာလိုမှုတွေလဲ တိုးပွားလာခဲ့ရတာပေါ့။ သူကိုယ် တိုင်ကလဲ ဒါကိုရိပ်မိပါတယ်။ ဒါကြောင့် သူက ]]ငါ့ တော့
ဘာမှ မနာလိုမရှိကြနဲ့၊ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက ထွက်မှာပဲ၊ လွတ်လပ်ရေးရပြီးရင် ဆွဲထား တာတောင် မနေဘူးဥ လို့
ဗမာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ ရဲဘော်များ၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေး တတိယမြောက်နေ့မှာ ပြောခဲ့တာပါ။
အဲဒီ ၁၉၄၇တစ်ဝိုက်မှာ ဖြစ်ခဲ့တဲ့ မြန်မာ့ နိုင်ငံရေးအခြေအနေတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ် အောင်ဆန်းကို အကျိုးပျက်စီးစေ
လိုသူတွေဟာ ဂဠုန် ဦးစောတစ်ယောက်တည်း မဟုတ်ကြောင်း တွေ့နိုင်မှာ ပါ။ဂျပန်ကြောင့် ထွက်ပြေးခဲ့ရတဲ့ ဘုရင်ခံဒေါ် မန်စမစ်
မြန်မာပြည်ကို ပြန်ဝင်လာတဲ့အခါ အတူပါလာ တဲ့ ယာယီတရားဝန်ကြီးချုပ် ဆာဂျွန်ဝှိုက်တို့၊ နိုင်ငံဝန် ထမ်းအရာရှိ ပီးယားစ်တို့ဆို
ဗိုလ်ချုပ်ကို ဖမ်းဆီးထောင် ချဖို့ကို အမြဲကြံစည်တိုက်တွန်းနေခဲ့ကြတာပဲ။ဩသူတို့လို အင်္ဂလိပ်အရာရှိတချို့ရဲ့ အမြင် ကတော့
ဖဆပလအဖွဲ့ကြီးနဲ့ ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို လျှော့တွက်ပြီး အဲဒီအဖွဲ့ကြီးရဲ့ အင်အား ဟာ ဗိုလ်ချုပ်အောင်ဆန်း
တစ်ယောက်တည်းပေါ်မှာ မူတည်နေတယ်လို့ ယူဆခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တစ်နည်းနည်းဖယ် ရှားလိုက်ခြင်းဟာ
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက် ဆုံးကာလမှာ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ တစ်ခုတည်းသော အမျိုးသားတပ်ပေါင်းစုဖြစ်သော
ဖဆပလအဖွဲ့ကြီးရဲ့ အင်အားကို ချည့်နဲ့သွားစေပြီး တဖြည်းဖြည်း အဲဒီအဖွဲ့ ပြိုကွဲသွားစေမယ်လို့ ထင်မြင်ခဲ့ကြပါတယ်။
ဒါတွေဟာ အဲဒီတုန်းက အင်္ဂလိပ်ဘက်က လူအများစုရဲ့ အမြင်လဲဖြစ်နေပါတယ်။ဂဠုန်ဦးစော မလုပ်ကြံခင်ကတည်းက
ဗိုလ် ချုပ်အောင်ဆန်းကို နိုင်ငံရေးအရလုပ်ကြံသူတွေ အတော် များများရှိခဲ့ပါတယ်။ တစ်ချိန်က ဗိုလ်ချုပ်တို့နဲ့အတူ လက်တွဲခဲ့တဲ့
သခင်ထွန်းအုပ်ကတောင် ဂျပန်ခေတ် သထုံမြို့အနီးရွာတစ်ရွာက အင်္ဂလိပ်အလိုတော်ရိ ကု လား သူကြီးတစ်ယောက်အား
ဗိုလ်ချုပ်အောင်ဆန်းက အပြစ် ပေးခဲ့တာကို အင်္ဂလိပ်အစိုးရဆီ ဖွင့်ချပြီး သူ ကိုယ်တိုင် အစိုးရသက်သေလုပ်မယ်ဆိုကာ ဗိုလ်ချုပ်
ကိုလူသတ်မှုနဲ့ အရေးယူခံရစေဖို့ ကြိုးစားခဲ့သေး တာပဲ။+ ပြီးတော့ အဲဒီခေတ်က ထင်ရှားတဲ့နိုင်ငံရေး လုပ်ကိုင်နေသူတွေထဲမှာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့အဓိက အတိုက်အခံဖြစ်လာတာ သုံးယောက်တွေ့ရပါတယ်။ ဂျပန်အ၀င်မှာ အင်္ဂလိပ်နဲ့အတူ ပြေးပြီး ဘုရင်ခံရဲ့
စစ်ပြေးအစိုးရနဲ့အတူ အိန္ဒိယပြည် ဆင်း မလားမြို့အနီး ဆိုလန်မှာသွားခိုနေခဲ့တဲ့ ဆာပေါ်ထွန်း ရယ်။ ဂျပန်ခေတ်က အဓိပတိဖြစ်ခဲ့တဲ့ ဒေါက်တာ ဘမော်ရယ်။ ယုဂန်ဒါကနေ ပြန်ရောက်လာတဲ့ ဂဠုန် ဦးစောရယ်ပါ။အဲဒီထဲမှာ ဆာပေါ်ထွန်းကတော့ အင်္ဂလိပ်
အလိုတော်ရိအဖြစ် တိုင်းပြည်က လုံးဝမြင်ပြီးခဲ့ပါပြီ။ ဒါကြောင့် သူဟာဗိုလ်ချုပ်အောင်ဆန်းရဲ့ အဓိကပြိုင် ဘက် ဖြစ်မလာတော့ဘူး။
နောက်ပိုင်းမှာလဲ သူဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ခပ်မြန်မြန် ကွယ်ပျောက် သွားခဲ့တာပါပဲ။ ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး သူ
အများဆုံး မကောင်းကြံခဲ့တာတော့ ဗိုလ်ချုပ်နဲ့ ဖဆပလခေါင်း ဆောင် သခင်တွေကို ဖမ်းဆီးထောင်ချဖို့ အင်္ဂလိပ် အစိုးရကို
သွေးထိုးပေးခဲ့ရုံပါပဲ။ဩပြောရရင် တစ်ချိန်အင်္ဂလိပ်ခေတ်ကောင်း စဉ် သူနန်းရင်းဝန်ကြီးဖြစ်စဉ်ကာလက လုပ်ခဲ့သလို
သခင်ခေါင်းဆောင်အားလုံးကို ထောင်ချစေချင်နေ တာပေါ့။ ဒါမှ လူထုထောက်ခံမှုရှိနေတဲ့ လူငယ်ခေါင်း ဆောင်တွေ
ပျောက်ကွယ်သွားခြင်းဖြင့် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ သူ တွင်ကျယ်နိုင်မယ်လေ။ဒါပေမဲ့ အဲဒီတုန်းက မြန်မာ့တော်လှန်ရေး
အင်အားစုကို အကြမ်းနည်းနှိမ်နင်းဖို့ အင်္ဂလိပ်အစိုးရ ဟာ အခွင့်မသာခဲ့ဘူး။ ဒုတိယကမ္ဘာစစ်ကြီးကြောင့် သူတို့ဟာ စစ် ပန်းနေခဲ့ပြီ
ဖြစ်သလို (တစ်ချိန် သီပေါမင်းအုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်ကို သိမ်းခဲ့စဉ်ကလို) အိန္ဒိယက တပ်ကူတွေ ခေါ်ဖို့ရာလဲ မဖြစ်နိုင်ခဲ့ဘူး။$
တကယ်တော့ ဆရာစံအပါအ၀င် မြန်မာ ပြည်တော်လှန်ရေး ကြိုးပမ်းမှုမှန်သမျှမှာ အင်္ဂလိပ် အစိုးရဟာ အိန္ဒိယကတပ်တွေရဲ့
အင်အားကို အဓိက သုံးစွဲခဲ့တာချည်းပါ။ခု ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာတော့ အိန္ဒိယကိုယ်တိုင်က လွတ်လပ်ရေးကြိုးပမ်းကာ
ဗြိတိသျှ အင်ပါယာအောက်က ကြိုးပမ်းခွဲထွက်နေချိန်မို့ အရင် လို သူတို့စိတ်ကြိုက်ခြယ်လှယ်လို့ မရတော့တာဖြစ်ပါ တယ်။ ပြီးတော့
ဆရာစံတို့နဲ့မတူတာက ဗိုလ်ချုပ် အောင်ဆန်းတို့မှာ ခေတ်မီလက်နက်တွေ သိုဝှက်ထား တာကလဲ အပြည့်ရှိနေပါတယ်။ ဒါကြောင့်
ဒေါ်မန်စမစ် နဲ့ စကားပြောတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက … ]]ဆာပေါ်ဦးကို ပြည်ထဲရေးပေးလို့ ဘယ်ဖြစ်မလဲ၊ ဘယ် နေရာမှာ
လက်နက်တွေ ဘယ်လောက်ရှိတယ်ဆိုတာ သူမှ မသိဘဲနဲ့၊ အဲဒါတွေကို ကျုပ်မှ သိတာ}}ျှ လို့ ခပ်တင်းတင်းပြောနိုင်ခဲ့တာပေါ့။
အဲဒီလို အင်္ဂလိပ်က မြန်မာ့အင်အားကို ပြန် လန့်နေရချိန်မို့လဲ ဆာပေါ်ထွန်းရဲ့ အကြံအစည်တွေ အရာမထင်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန် နိုင်ငံရေး အရ နောက်ထပ် ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ ဒေါက် တာဘမော်နဲ့ ပတ်သက်ပြီး
ပြောရရင်တော့ သူဟာ ပညာတတ်တစ်ယောက်ပီပီ ပြောင်းလွယ်ပြင်လွယ် သဘောထားရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့ကို ]]ဒေါက် တာဟာ မြေကြီးပေါ်မှာ ခြေချလို့ မရသေးဘူးဗျာ၊ အဲရလာတဲ့တစ်နေ့ဟာ သူ့နေ့ပဲ…ဟဲ
ဟဲ နို့ပေမယ့် မရတော့ပါဘူးဗျာ}}ဍလို့ သုံးသပ်ခဲ့ပါတယ်။ တစ်နည်း အားဖြင့်တော့ အဲဒီအချိန်မှာ ဒေါက်တာဘမော်ဟာ လဲ
နိုင်ငံရေးသေသွားခဲ့ပြီပေါ့။ ပြီးတော့ ဂဠုန်ဦးစောလို ကိုယ်ကျိုးကြည့် စိတ်ရှိရင်တောင် သူဟာ ဟန်ပြကောင်းအောင်လုပ်လို တယ်လို့ ယူဆရပါတယ်။ နောက်ပိုင်း ဂျပန်ခေတ်မှာ ဗိုလ်ချုပ်တို့ ဂျပန် ကို ပြန်တော်လှန်ဖို့ လုပ်နေတာကိုလဲ သူ တော်တော် သိပေမယ့်
မသိချင်ယောင်ဆောင်ပေးခဲ့ပါတယ်။ဉဒါကြောင့် ဒေါက်တာဘမော်ဟာ ဗိုလ်ချုပ် ကို နိုင်ငံရေးအရတော့ ဆန့်ကျင်ဘက်ပြုတယ်။ ဒါပေမဲ့ ပညာတတ်ဆန်စွာ ဆန့်ကျင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ပြောရရင် သူဟာ အင်မတန်ပါးနပ်တဲ့ နိုင်ငံရေးသမား ကြီးဖြစ်လို့
ကြောင်လက်သည်းဝှက်သလို နေတတ် တယ်ပေါ့။ သူနဲ့ကွဲပြားစွာပဲ ဂဠုန်ဦးစောကတော့ ကိုယ် ကျိုးပိုကြည့်သူပါ။
မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ် အစိုးရဆီ အရေးဆိုလုပ်ဆောင်ခဲ့တာမျိုး အနည်းအပါးရှိရင်လဲ အဲဒါဟာ လွတ်လပ်ရေးကို
ပြည် သူတွေ အရမ်းလိုလားနေမှန်းသိလို့ ပါးနပ်တဲ့ နိုင်ငံ ရေးလုပ်သူပီပီ လူထုထောက်ခံမှုရအောင် ဟန်ပြလုပ် ဆောင်မှု
တစ်မျိုးပါပဲ။ဩ ပြောရရင် သူဟာ လူထုသစ္စာခံ မဟုတ်သလို ဘယ်သူ့သစ္စာခံမှလဲ မဟုတ်ဘူး။ သူ့ အကျိုးသာ သူလုပ်သူဖြစ်ပါတယ်။
ပြီးတော့ ဆာပေါ်ထွန်းနဲ့ ခြားနားနေပြန် တာက ဗိုလ်ချုပ်တို့ မကျဆုံးခင်အချိန်အထိ သူဟာ တောက်လျှောက်ဆိုသလို
အတိုက်အခံဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ သူဟာ လူထုထောက်ခံမှုမရတဲ့ အပယ်ခံ အတိုက်အခံ။ ဂျပန်ပြန်အထွက် မြန်မာပြည်ကို ဘုရင်ခံ ဒေါ်မန်စမစ်တို့ ပြန်ဝင်လာအပြီးမှာ ဘုရင်ခံရဲ့ အမှု ဆောင်ကောင်စီဆိုတဲ့ အမည်နဲ့ မြန်မာအမျိုးသားတွေ ပါဝင်တဲ့ အမည်ခံ
ဝန်ကြီးအဖွဲ့သဘောဖွဲ့ဖို့ ကြိုးစားခဲ့ ပါတယ်။ ပြောရရင် မြန်မာနိုင်ငံကို မြန်မာတွေပဲ အုပ် ချုပ်နေတယ်လို့ အမြင်ပေါက်အောင်ပေါ့။ ဒါပေမဲ့ အဲဒီ အဖွဲ့ဟာ ဘာအာဏာမှမရှိဘဲ ဘုရင်ခံရဲ့ဗောင်းတောင် ညိတ်စိတ်တော်သိနေပေးရမှာပါ။အဲဒီကောင်စီမှာ
ဆာပေါ်ထွန်းဟာ ပြည်ထဲ ရေးဝန်ကြီးသဘော တာဝန်ယူခဲ့တယ်။ အဲဒီတုန်းက ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းတို့ကို ကမ်းလှမ်းပေ
မယ့် ရုပ်သေးရုပ်အဖွဲ့မို့ ဘုရင်ခံရဲ့ အလိုတော်ရိမဖြစ် လိုတဲ့ ဗိုလ်ချုပ်တို့ လက်မခံခဲ့ဘူး။ ဒါကြောင့် ဆာပေါ် ထွန်းနဲ့
ဗိုလ်ချုပ်အောင်ဆန်းဟာ ပြင်းထန်စွာ ထိပ် တိုက်မတွေ့လိုက်ရပါဘူး။နောက်ပိုင်း ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ် လက်ထက်မှာတော့
ထိရောက်တဲ့ အခွင့်အာဏာရ လာတဲ့အတွက် ဗိုလ်ချုပ်ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ကြီးဟာ ဘုရင်ခံအမှုဆောင် ကောင်စီနေရာ
တွေ လက်ခံခဲ့တယ်။ အဲဒီအချိန်မှာ (ဘုရင်ခံရဲ့ ထည့်သွင်း မှုနဲ့) ဂဠုန်ဦးစောကလဲ အဲဒီကောင်စီမှာနေရာရလာ ပြန်ပါတယ်။
ဒါပေမဲ့ သူက သင်းကွဲပါ။ ဗိုလ်ချုပ်အောင် ဆန်းတို့ ဖဆပလက အဓိက အချက်အချာဌာနတွေကို တာဝန်ယူရတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီမှာ ဒုတိယဥက္ကဋ္ဌနဲ့ ကာကွယ်ရေး နိုင်ငံခြားရေးတွေကို ကိုင်တယ်။ သခင်မြက
ပြည်ထဲ ရေး၊ သိန်းဖေမြင့်က စက်မှုလက်မှုနှင့် အလုပ်သမား၊ တခြားဖဆပလအဖွဲ့ဝင်တွေလဲ ပါကြသေးတယ်။ အဲဒီ ထဲမှာမှ
ဂဠုန်ဦးစောက ကောင်စီမှာ ပညာရေးဌာန ယူရပြီး ကန့်လန့်ကန့်လန့်တစ်နေရာ ၀င်ပါနေတော့ တာပေါ့။ အရင် သူခေတ်
ကောင်းစဉ်တုန်းက ဗိုလ် ချုပ်တို့ဟာ ချာတိတ်သာသာရှိသေးတယ်။ ခုလဲ နိုင်ငံ ရေးလုပ်တဲ့ဝါစဉ်အရဆို သူ့ထက်အများကြီးနုပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်တို့က ၃၀ ၀န်းကျင်လေးတွေသာ ရှိကြသေးတာကိုး။ သူ့ထက် ၁၅နှစ်နီးပါးငယ်တယ် လေ။
အဲဒီနောက်မှပေါက်တဲ့ ရွှေကြာပင်လို့ သူ သဘောထားမယ့် လူငယ်လေးတွေက သူဘယ်လိုမှ မယှဉ်သာအောင် လူထုထောက်ခံမှု
အပြတ်အသတ် ရနေတယ်။ ဘုရင်ခံကောင်စီမှာကိုကလဲ သူရတဲ့ နေရာ ထက် မြင့်နေပြီး လူအင်အားကလဲ အလုံးအရင်း။
ဒီတော့ သူ့လိုကိုယ်ကျိုးလဲကြည့် မလိုတမာ စိတ်လဲများတဲ့သူက ဗိုလ်ချုပ်တို့ကို မကောင်းကြံတော့ တာပေါ့။
အသိသာ အထင်ရှားဆုံးလုပ်ရပ်ကတော့ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဖို့ ဗိုလ်ချုပ်တို့ လန်ဒန်သွားတဲ့ခရီးမှာ ကဖျက် ယဖျက်
လုပ်တော့တာ ပါပဲ။ သူဟာ လန်ဒန်ခရီးမှာ ကမ္ဘာ့ထိပ်တန်း ခေါင်း ဆောင်တွေရဲ့အလယ် ဗိုလ်ချုပ်အလေးထားအရေးပေး ခံတာကို
မြင်တွေ့ပြီး မနာလိုဝန်တိုစိတ်ပိုကြီးမားခဲ့မှာ ပါ။ ပြီးတော့ ဂဠုန်ဦးစောရယ်၊ သခင်ဗစိန်ရယ် ဟာ အောင်ဆန်း-အက်တလီစာချုပ်ကို
အကြောင်းမဲ့ ကန့်ကွက်ခဲ့တယ်။ တကယ်တော့ အဲဒီစာချုပ်ဟာ မြန်မာ ပြည်လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အရေးပါတဲ့ အဆင့်
တစ်ဆင့်ပါ။ ၁၉၄၇ ဧပြီလမှာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ အဲဒီရွေးကောက်ပွဲကနေ အခြေခံဥပဒေရေး ဆွဲနိုင်မယ့်
လွှတ်တော်တစ်ရပ်ကို ရွေးချယ်တင်မြှောက် ပြီး အဲဒီလွှတ်တော်ဟာ ကြားဖြတ်အစိုးရ(ယာယီ အစိုးရ)အနေနဲ့ တိုင်းပြည်ကို
အုပ်ချုပ်သွားဖို့ စတဲ့ အချက်တွေကို သဘောတူလက်မှတ်ရေးထိုးကြတာပါ။ပြောရရင် မြန်မာပြည်ဟာ ယခင် ဗြိတိသျှ
ကိုလိုနီဘ၀ကနေ ဗြိတိသျှအစောင့်ရှောက်ခံ ဒိုမီနီယံ နိုင်ငံ၊ အဲဒီကမှ လုံးဝကိုယ်ပိုင်သဘောနဲ့ အုပ်ချုပ်နိုင် မယ့် နိုင်ငံတစ်ခုအဖြစ်
အဆင့်ဆင့်ခရီးကို တစ်နှစ်အတွင်း သွားဖို့ လမ်းကြောင်းအား အပြန်အလှန် ကတိက၀တ် ထား စာချုပ်နိုင်ခဲ့တာပါ။င်္ံ
ဒါကို ဂဠုန်ဦးစောနဲ့ သခင်ဗစိန်တို့ ကန့် ကွက်ခဲ့ခြင်းဟာ သူတို့နိုင်ငံရေးနေရာရလိုမှုတစ်ခုတည်း အတွက်သာ ဖြစ်ပါတယ်။
နောက်ထပ် သိပ်မကြာခင် (ဖေဖော်ဝါရီ ၁၉) မှာပဲ ဂဠုန်ဦးစောရယ်၊ ဒေါက်တာဘမော်ရယ်၊ ဆာပေါ်ထွန်းရယ်ဟာ ပူးပေါင်းပြီး
ကွန်ဖရင့်တစ်ခု ကျင်းပကာ ]]ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့တွေနဲ့ ပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်ပြီ}}လို့ အတိအလင်း ပုတ်
ခတ်ခဲ့ပါတယ်။ဩပြောရရင် ဒါဟာ လူထုက ဗိုလ်ချုပ်တို့အပေါ် အထင်အမြင်လွဲအောင်ဖန်တီးတဲ့ နိုင်ငံရေးလုပ်ကြံမှု ပါပဲ။
မြန်မာပြည်လွတ်လပ်ရေးအတွက် အင်္ဂလိပ်နဲ့ သဘောတူညီမှုယူတာနဲ့ပဲ သစ္စာဖောက်လို့ တစ်ခါ တည်း တံဆိပ်ကပ်ဖို့ ကြိုးစားတာပါ။
အဲဒီတုန်းက ဂဠုန်ဦးစောဟာ မြန်မာပြည် ပြန်ရောက်ရောက်ချင်းမှာပဲ သတင်းစာရှင်းလင်းပွဲတစ် ခုလုပ်ပြီး% သူတောင်းတုန်းကလဲ
ဒီလောက်တော့ ရခဲ့တာပါပဲလို့ ပြောကာ အောင်ဆန်း-အက်တလီစာ ချုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ လုပ်ဆောင် ချက်ကို
တန်ဖိုးမဲ့အောင်နှိမ့်ချဖို့လဲ ကြိုးစားခဲ့ပါသေး တယ်။ ဒါပေမဲ့ တကယ်တမ်း သူသွားတောင်းစဉ် တုန်းက ရခဲ့တာ မြန်မာပြည်ရဲ့
အနာဂတ်ဟာ ဗြိတိန် ပြည်စစ်နိုင်ရေးအပေါ်တွင် တည်နေကြောင်း၊ အကယ် ၍ ဗြိတိန်သာ စစ်နိုင်ခဲ့ပါလျှင် မြန်မာပြည်ကိစ္စနှင့်
ပတ်သက်လို့ သဘောထားကြီးစွာ ဆုံးဖြတ်ပေးမည်ဆို တဲ့စကားသာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့လို ဂျော့ဘုရင် ကိုယ်တိုင်က
ညစာစားပွဲ တည်ခင်းရတဲ့အဖြစ်မျိုး ( ဝေးလို့ နန်းရင်းဝန်ချာချီကတောင် ချေချေငံငံဆက်ဆံ ခဲ့တာ မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီကြိုးပမ်းမှုတွေ မအောင်မြင် ခြင်းနဲ့အတူ ဂဠုန်ဦးစောဟာလဲ အမှုဆောင်ကောင်စီ ကနေ တစ်ခါတည်း
နုတ်ထွက်လိုက်တော့တယ်။ ဗိုလ် ချုပ်တို့ကို စည်းအပြင်က လုံးလုံးလျားလျားဆန့်ကျင် တော့မယ်ပေါ့။ နောက်ပိုင်းတွေမှာ
ဆက်တိုက်ဖြစ်ပေါ် လာတဲ့ ဗိုလ်ချုပ်နဲ့ ဖဆပလအဖွဲ့ကြီးရဲ့တစ်ခဲနက်အောင် မြင်မှုတွေကလဲ ဂဠုန်ဦးစောရဲ့ ဗိုလ်ချုပ်ကို ဆန့်ကျင်ဖို့
ညစ်ပတ်တဲ့ လုပ်ကြံမှုနည်းလမ်းကို သုံးစရာဖြစ်အောင် ပိုမိုတွန်းပို့ပေးနေသလိုပါပဲ။အင်္ဂလန်ကပြန်လာပြီးတာနဲ့ ဗိုလ်ချုပ်အောင် ဆန်း
တို့ဟာ ပင်လုံညီလာခံနဲ့အတူ တောင်တန်းဒေသ ကိုပါ ပြည်မနဲ့ မခွဲခွာဘဲ တစ်ပါတည်း အင်္ဂလိပ်လက် အောက်က လွတ်မြောက်နိုင်ဖို့
စည်းရုံးနိုင်ခဲ့တယ်။ တကယ်တော့ အဲဒါဟာ တိုင်းရင်းသားစည်းလုံးညီညွတ် မှုအတွက် ဘယ်တုံးကမှ မရခဲ့ဖူးတဲ့ မဟာအောင်ပွဲ
ကြီးပါပဲ။ ရှေးမြန်မာဘုရင်တွေ လက်ထက်က တောင် တန်းဒေသဟွှာမငဘငအမေပ ခေါ် ပဏ္ဏာဆက်နိုင်ငံအဖြစ် သာ ရှိခဲ့သလို
အင်္ဂလိပ်အစိုးရခေတ်မှာလှဲညေေိ လို့ခေါ်တဲ့ ခန့်အပ်လွှာနဲ့ ထိန်းချုပ်ထားတဲ့ အဆင့်သာ ရှိခဲ့ပါတယ်။ရ ပင်လုံစာချုပ်နောက်ပိုင်းမှာမှ
တောင် တန်းနဲ့ ပြည်မဟာ တစ်သွေးတစ်သံတစ်သားတည်း စုစည်းမိခဲ့ကြတာပါ။ဧပြီလ ၇ရက်နေ့မှာ တိုင်းပြုပြည်ပြုလွှတ် တော်
ရွေးကောက်ပွဲကျင်းပတဲ့အခါမှာလဲ တစ်နိုင်ငံ လုံးအတွက် အမတ်နေရာ ၂၅၅ခု ရှိတဲ့အနက် ဖဆ ပလက ၂၄၈နေရာ အရွေးခံ
ရပါတယ်။ေ ဒီ့မတိုင်ခင် လေးမှာ ဂဠုန်ဦးစောနဲ့ ဒေါက်တာဘမော်တို့က အဲဒီ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပေမယ့်လဲဩ ဘယ်
လိုမှ အရာမထင်ဘဲ ဖြစ်ခဲ့ရတာပါ။ဒီအချိန်မှာ ဂဠုန်ဦးစောအနေနဲ့ တစ်ခုခု ထလုပ်မှ ဖြစ်တော့မယ်ဆိုတာ နားလည်လိုက်ပါပြီ။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ သူ့အခန်းကဏ္ဍဟာ မှိန် ဖျော့ပျောက်ကွယ်သွားတော့မယ်မှန်း သူကြိုတင်အနံ့ ရနေခဲ့ပြီ။
ဒီတော့ နဂိုကတည်းက သူလိုချင်တာရဖို့ဆို ရင် ဘာကိုမဆိုလုပ်ဖို့ ဦးမလေးတဲ့ လူတစ်ယောက်ဖြစ် တဲ့အတိုင်း ဗိုလ်ချုပ်တို့ကို
လုပ်ကြံဖို့ လမ်းအထိ ဦးတည် ခဲ့တော့တာပါ။ ဟိုးအရင်ကတည်းကလဲ ဂဠုန်ဦးစောဟာ လူမိုက်မွေးတာမျိုး သူ့လူမိုက်တွေအားကိုးနဲ့
မလိုသူ ကို ဒုက္ခပေးတာမျိုး ဇရှိပါတယ်။ သူ့ရဲ့ (တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဆရာစံ တပ်ဖွဲ့နာမည်ယူထားတဲ့) ဂဠုန်တပ်ဆိုတာဟာ
မျိုးချစ်ပါတီဆိုတာဟာ သူ့လက် ကိုင်တုတ် လက်မရွံ့တွေ အများစုပေါ့။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုတောင်
သူ့လူတွေအားကိုးနဲ့ အရိုက်ခိုင်းခဲ့လို့ ဆရာကြီး ဆေးရုံတက်ခဲ့ရဖူးပါတယ်။« အဲဒီခေတ်က ဂဠုန်ဦးစောရဲ့ တွင်နေတဲ့နာမည်က လဲ ]၀ါးရင်းတုတ်ဦးစော}ြ ပါတဲ့။ တချို့ကတော့ ဂဠုန်ဦးစောကို ဒီလိုလုပ်ကြံ ဖို့အထိ ဖြစ်သွားခဲ့ရခြင်းဟာ ၁၉၄၆ခုနှစ်အတွင်းမှာ
ဦးစောကို လက်နက်ကိုင်နှစ်ဦးက µ ဂျစ်ကားတစ်စီး ပေါ်ကနေ ပစ်ခတ်ခဲ့ခြင်းက မြစ်ဖျားခံတယ်လို့ ဆိုကြ တယ်။အဲဒီတုန်းက
ဦးစောဟာ မျက်လုံးမှာ ထိ ခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီလိုသူ့ကို အသေသတ်ဖို့ ကြံစည် မှုဟာ နောက်ကွယ်မှာ ဗိုလ်ချုပ်အောင်ဆန်းက
ကြိုး ကိုင်နေတယ်လို့ သူ ယူဆခဲ့ပါတယ်။ဒါကြောင့် သူ ဗိုလ်ချုပ်အပေါ် ရန်ငြိုးထား ခဲ့တယ်ပေါ့။ ဒါပေမယ့် အဲဒီလို ရန်ငြိုးထားခဲ့တယ်
ဆိုတောင် ဒါဟာ ဗိုလ်ချုပ်တို့ကို လုပ်ကြံဖို့ထိဖြစ်လာရခြင်းမှာ အသေးငယ်ဆုံးအစိတ်အပိုင်းလေးတစ်ခုအနေနဲ့သာ ပါဝင်ခဲ့မှာပါ။ နို့မို့
ရန်ငြိုးချည်းသက်သက်ဆို သူဟာ ဗိုလ်ချုပ်တစ်ယောက်တည်းကိုသာ လုပ်ကြံခဲ့မှာပေါ့။အဲဒီတုန်းက သူ့ကို ပစ်ခတ်သူတွေဟာ
ဗိုလ်ချုပ်ဖွဲ့စည်းပေးခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့ကလို့ ယူဆရစရာရှိပေမယ့် ဗိုလ်ချုပ်က စေခိုင်းတယ်လို့တော့ တပ်အပ်သေချာ
မပြောနိုင်ဘူး။ ပြည်သူ့ရဲဘော်အဖွဲ့ ဟာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စုစည်း၊ ဗိုလ် မှူးစိန်မှန်က အုပ်ချုပ်လို့
ဗိုလ်ချုပ်အောင်ဆန်းကို ဥက္ကဋ္ဌတင်ထားတှဲျ့ ဖဆပလရဲ့ လက်ရုံးအဖွဲ့ပါ။ အဲဒီ အဖွဲ့ဟာ အင်္ဂလိပ်ကို ခံချဖို့ အဓိက စိုင်းပြင်းနေတာ ဖြစ်ပါတယ်။ ဂဠုန်ဦးစောအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ပုဂ္ဂိုလ်ရေးအာဃာတရှိကောင်းရှိနိုင်ပေမယ့် အဓိက အာဃာတ
အများစုကတော့ သူ့ထက်များစွာ ၀ါနုသူက နိုင်ငံရေးမျက်နှာစာနဲ့ လူထုထောက်ခံမှုမှာ သူလုံးဝမနှိုင်းယှဉ်သာအောင် မြင့်မားသွားခြင်း
အပေါ် မနာလိုမရှုဆိတ်ခြင်းကပဲ ပိုများလိမ့်မယ်လို့ ထင်ပါ တယ်။ ပြီးတော့ သူဟာ နိုင်ငံရေးအတွက်မှားခဲ့ တာလဲဖြစ်တယ်။
တစ်- ဗိုလ်ချုပ်အပေါ် တိုင်းပြည်ရဲ့ချစ်မြတ် နိုးအားထားမှုကို လျှော့တွက်လိုက်မိတယ်။ ဗိုလ်ချုပ်တို့ ကျဆုံးသွားခြင်းဟာ
တိုင်းပြည်အတွက် ကြေကွဲဖွယ် အကောင်းဆုံးဖြစ်ရပ်တစ်ခု ဖြစ်သွားစေပြီး လူထုရဲ့ ဒေါသတွေ သူ့အပေါ် စုပြုံပုံကျလာမယ်ဆိုတာ
မထင် ထားလိုက်မိဘူး။
နှစ်- တိုင်းပြည်လူထုအပေါ် သူအရှိန်အ၀ါ၊ သူ့သြဇာကျန်နေသေးတယ်လို့ ထင်မိတယ်။ ဗိုလ်ချုပ် တို့ကို လုပ်ကြံလိုက်ခြင်းဖြင့်
နဂိုကတည်းက သုည နားကပ်နေတဲ့ သူ့သြဇာဟာ အနုတ်ဘက်ရောက်သွား ပြီး နေ့ချင်းညချင်း မြန်မာ့သမိုင်းမှာ အမုန်းခံရဆုံး
လူတစ်ယောက်ဘ၀ကို ရောက်သွားလိမ့်မယ်ဆိုတာ ကြိုမတွက်ဆလိုက်မိဘူး။ ဒါကြောင့် သူ့တပည့် ဘညွန့်ကိုတောင် သူ့ ပါတီဟာ
တက်နေတယ်။ တစ်နည်းပြောရရင် လူထု ကြားမှာ လူကြိုက်များလာတယ်လို့ ပြောခဲ့သေးကြောင်း၊ နောက်ပိုင်း နိုင်ငံတော်
လုပ်ကြံမှုကြီး အတွက် အစစ်ခံ စဉ်မှာ ဘညွန့်က ပြောပြခဲ့ပါတယ်။တစ်နည်းပြောရရင် ဂဠုန်ဦးစောဟာ ကိုယ့် နိုင်ငံရေးသြဇာ
ကျဆင်းသွားမှုကို ကိုယ်လက်မခံခဲ့တဲ့ ယုံမှားလွန်အမြင်လွဲမှုတွေဖြစ်သွားခဲ့တာပါပဲ။
သုံး- သူတွက်ထားတာက ဗိုလ်ချုပ်တို့မရှိ တော့တာနဲ့ ဘုရင်ခံဟာ သူ့ကို မရှိမဖြစ်အားကိုးလာ ရမယ်။ ဒီတော့ သူနဲ့အရင်
နိုင်ငံရေးလုပ်သူလက် ဟောင်းကြီးတွေပါတဲ့ အမှုဆောင်ကောင်စီကို ပြင်ဆင် ဖွဲ့စည်းလိမ့်မယ်။ သူပြန်ပြီး နေရာရလာတော့မယ်ပေါ့။
အဲဒီအတိုင်းလဲ အတည်မပြုနိုင်တဲ့ နောက်ပိုင်းစွပ်စွဲ ပြောဆိုမှုတွေအရလဲ ဂဠုန်ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဖို့
လန်ဒန်သွားကြတဲ့ ခရီးစဉ်မှာ မြန်မာအဖွဲ့အားလုံးပြန်ကြပြီးတဲ့ထိ အကြံအစည်တစ်ခု နဲ့ နောက်ချန်နေရစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ လန်ဒန်မှာရှိနေတဲ့ မြန်မာပြည်လက် ၀ါးကြီးအုပ်နေသူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စည်းဝါး ရိုက်ကာ ဗိုလ်ချုပ်တို့ကို
လုပ်ကြံဖို့အတွက် စီမံကိန်း စတင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုကြတယ်။ အဲဒီစီးပွားရေးသမားကြီးတွေကပဲ ဗိုလ်ချုပ် တို့ကို ဖယ်ရှားပြီးရင်
ဂဠုန်ဦးစောကို အာဏာရစေဖို့ အာမခံခဲ့သတဲ့။ ဒီ့မတိုင်ခင်လေးကပဲ ဗိုလ်ချုပ်ကလဲ လွတ်လပ်ရေးရအပြီးမှာ
စီးပွားရေးလုပ်ငန်းကြီးတွေကို ပြည်သူပိုင်သိမ်းမယ်လို့ အတိအလင်းပြောခဲ့တာကိုး။ဇသူတို့ ဗိုလ်ချုပ်ကို ဘယ်လိုလားပါ့မလဲ။
ဒါ့ကြောင့် သူတို့ကပဲ ဂဠုန်ဦးစော ဗိုလ်ချုပ်ကို လုပ်ကြံဖို့ တိုက် တွန်းခဲ့တယ်ဆိုတယ်။ ဒီကိစ္စမှန်မမှန် မသိပေမယ့် ဂဠုန်ဦးစော
လန်ဒန်မှာ သူများတွေထက် နောက်ချန်နေခဲ့ပြီး မျက်နှာ ဖြူတစ်ယောက်ဆီက ငွေငါးသိန်းလက်ခံရရှိခဲ့တာတော့ သေချာပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဖို့ဟာ ဂဠုန်ဦးစောအတွက် ဂျပန်အပြေး အင်္ဂလိပ်ပြန်အ၀င် ဘုရင်ခံဆာဒေါ်မန် စမစ်ရောက်လာကာစမှာ
တွေးတာဆိုရင် ယုတ္တိရှိကောင်း ရှိနိုင်ပါသေးတယ်။ ဆာဒေါ်မန်စမစ်ဟာ စစ်မဖြစ်မီက မြန်မာပြည်ကို အုပ် ချုပ်ခဲ့ဖူးသူ
ခေတ်ဟောင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ကာ ဗိုလ်ချုပ်တို့လို တော်လှန်ရေးသမား လူငယ်တွေအပေါ် အထင်အမြင်သေးသူ။
ခေတ်နောက်ကျနေတဲ့ စက္ကူဖြူစီမံကိန်းကြီး ကို ရေးဆွဲလာခဲ့သူဖြစ်ပါတယ်။ ပြောရရင် သူဟာ ဗိုလ်ချုပ်အောင်ဆန်းထက် ဂဠုန်ဦးစောနဲ့ ပို ပုလဲနံပသင့် သူလဲဖြစ်တယ်။ ဒါကြောင့် ဂဠုန်ဦးစောနိုင်ငံတော် လုပ်ကြံမှုနဲ့ အဖမ်းခံ ရစဉ်မှာတောင် သူဝင်ကူညီဖို့ ကြိုးစားခဲ့ပါသေးတယ်။ ပြီးတော့ အဲဒီတုန်းက မြန်မာပြည်ပြန်ဝင်စ အင်္ဂလိပ်တွေဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အရှိန်အ၀ါကို
မသိကြသေးသလို ဖဆပလရဲ့တိုင်းပြည်အပေါ် သြဇာကို မတွက်ဆမိကြသေးပါဘူး။ ပြီးတော့ အဲဒီတုန်းက အင်္ဂလိပ်ဟာ
မြန်မာပြည်ကို သူတို့လက်အောက်ခံ ကိုလိုနီအဖြစ် ဆက်လက်ထားရှိဖို့ ဆန္ဒပြင်းပြနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ချာချီ အစိုးရဟာ
အဲဒီသဘောကို တစ်သမတ်တည်း ထားခဲ့တာပါ။ မြန်မာနိုင်ငံကို လွတ်လပ် ရေးပေးခဲ့တာက နောက်ပိုင်းတက်လာတဲ့ နန်းရင်းဝန်
(တစ်နည်း ၀န်ကြီးချုပ်)အက် တလီအစိုးရဖြစ်ပါတယ်။ ဒီလို အက်တလီအစိုးရရဲ့လုပ်ရပ်ကိုတောင် ချာချီတို့က မလိုတမာ
ပြောခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ အခြေအနေတွေက ပြောင်းခဲ့ပါပြီ။ အင်္ဂလိပ်ဟာ မြန်မာပြည်ကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်သလို
ဖဆပလရဲ့ လူထုထောက်ခံ မှုအင်အားကိုလဲ ခန့်ညားလေးစားခဲ့ရပြီဖြစ်ပါတယ်။ နောက်ရောက်လာတဲ့ ဘုရင်ခံသစ်
ဆာဟူးဘတ်ရန့်စ်ကလည်း ဂျပန်ပြေးပြေးချင်း ကတ်စဘီ စစ်အုပ်ချုပ်ရေးအရာရှိဘ၀နဲ့ မြန်မာပြည်ဝင်ခဲ့သူမို့ အရင်ဘုရင်ခံဟောင်း
ထက် နောက်ဆုံးအခြေအနေမှန်ကို ပိုသိသူ ပါ။ အရင်ဘုရင်ခံဟောင်းလို မြန်မာတွေပေါ် အထက်စီးက အုပ်ချုပ်ဖူးတဲ့ဘ၀မျိုး
မရှိခဲ့တဲ့အတွက်လဲ သူ့လက်အောက်ခံတွေပမာ နှိမ့်နှိမ့်ချချမြင်နေခြင်းမျိုးက ကင်း ဝေးပါတယ်။ သူကတော့ ဂဠုန်ဦးစောထက်
ဗိုလ်ချုပ်တို့နဲ့သာ အလုပ်လုပ်ရသူမို့ တိုင်း ပြည်ရဲ့ တကယ့်ခေါင်းဆောင်ကို တွက်ဆမိသူပေါ့။ ဒါ့အပြင် ကမ္ဘာ့အလယ်မှာ
အမြင်ကောင်းချင်တဲ့ သူတို့ရပ်တည်မှု၊ လူကြီး လူကောင်းကြီးတွေအဖြစ် အမြင်ခံချင်တဲ့စရိုက်အရလဲ အင်္ဂလိပ်ဟာ ဂဠုန်ဦးစောရဲ့ လုပ်ရပ်ကို ဘယ်လိုမှ အကာအကွယ်မပေးခဲ့တာပါ။ လုပ်ကြံမှုပြီးပြီးချင်း နောက်ကွယ်မှာ အင်္ဂလိပ်အစိုးရပါနေတယ်ဆိုပြီး
ပေါ်ထွက်လာတဲ့ စွပ်စွဲချက်ကို ရှောင်ဖို့ % သူတို့က ပိုပြီးတောင် ကင်းကင်းပြတ်ပြတ် လုပ်ပြခဲ့ပါ သေးတယ်။ နို့မို့ဆို ပြည်သူတွေရဲ့
ဒေါသဟာ သူတို့ပေါ် စုပြုံပုံကျပြီး အဲဒီတုန်းက မြန်မာ ပြည်မှာ တော်တော်များများ ကျန်နေသေးတဲ့ ဗြိတိသျှလူမျိုးတွေရဲ့ အသက်
အိုးအိမ် စည်းစိမ်ကိုတောင် စိုးရိမ်ရတယ်မဟုတ်လား။ ရေရှည်အားဖြင့်လဲ မြန်မာပြည်နဲ့ မိတ်ပျက်ရမယ့်အရေးကို သူတို့
စိုးရိမ်ခဲ့တာပါ။ ဒါတွေကို ကြိုမမြင်နိုင်ခဲ့တဲ့ ဂဠုန်ဦးစောကတော့ နောက်ပိုင်းမှာ မြန်မာ့ သမိုင်းမှာ အကျည်းတန်ဆုံး လုပ်ရပ်တွေထဲက
တစ်ခုဖြစ်လာမယ့် အမှားအယွင်းကြီးဆီ ဦးတည်ခဲ့ပါလေတော့တယ်။

အေးချမ်းမြင့်မြတ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s