ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၂၂)။ မြန်မာ့လွတ်လပ်ရေး

Posted: July 20, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ “အခြား သော စိတ်ကူးနိုင်ငံတော်” ဆိုပြီး ဆက်လက်တင်ပြခဲ့ပါတယ်။ (ဖဆပလ) အစိုးရရဲ့ ဒီမို ကရေစီကာလတွေ နောက်ပိုင်း အချိန်တွေနဲ့ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေတွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၆၂ ခုနှစ်၊ မတ်လမှာတော့ တိုင်းပြည်ချောက်ထဲ ကျလုနီးနီး အခြေအနေမျိုးကို ကယ်ဆယ် ဖို့လို့ အကြောင်း ပြပြီး ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက စစ်အာဏာ သိမ်းခဲ့ပါတယ်။ ဒီအဖြစ်အပျက် မတိုင်မီ ၁၉၅၈ ခုနှစ်မှာလည်း ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်အရာရှိတွေရဲ့ အိမ်စောင့်အစိုးရလက်ထဲကို ဝန်ကြီးချုပ် ဦးနုရဲ့ ဒီမိုကရေစီ အစိုးရက ကာလတခုမျှ အာဏာလွှဲပြောင်းပေးခဲ့ရပါသေးတယ်။ ပြောရမယ် ဆိုရင်တော့ စစ်တပ်က အာဏာသိမ်းဖို့ အကဲစမ်းခဲ့တာ လို့လည်း ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ပေါ်ပြောင်းလဲမှု တွေက ဘာဖြစ်လို့ ဖြစ်လာရသလဲ။ ဘာကြောင့် ဒီမိုကရေစီ ကျရှုံးခဲ့ရသလဲ ဆိုတာ ပြန်ကြည့်ကြရအောင်ပါ။

လွတ်လပ်ရေး ရပြီးခါစ နိုင်ငံသစ်တခုအနေနဲ့ ပြင်းထန်ကြီးမားတဲ့ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ရသလို၊ ၁၉၅ဝ ခုနှစ် နောက်ပိုင်း တွေမှာလည်း တရုတ်ဖြူတပ်တွေရဲ့ ကျူးကျော်မှုကို ခုခံတဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ရပါတယ်။ တရုတ်ပြည် မှာ ကွန်မြူနစ် တပ်နီ တော်က အာဏာရလာပြီးတဲ့နောက်မှာ တရုတ်ဖြူတပ်တွေက စစ်ပြေးရှောင်ရင်း မြန်မာ့ မြေထဲကို ၁၉၅ဝ ဇူလိုင်လ မှာ စတင် ကျူးကျော်လာခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းနဲ့ လေယာဉ်ပျံ အဆက်အသွယ် တွေ ရှိလာတဲ့အပြင်၊ အမေရိကန်တွေက စစ်သင်တန်း လာပေးနေတာလည်း တွေ့နေကြရပါတယ်။ မြန်မာတွေ အမြင်မှာတော့ တရုတ်ဖြူတပ်နဲ့ အမေရိကန် ပူးပေါင်းလို့ ပြည်ပ ကျူးကျော်မှုရန် ကြုံနေရပြီဆိုပြီး သုံးသပ်ခဲ့ကြ ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဧပြီလမှာ မြန်မာအစိုးရက ကုလသမဂ္ဂမှာ ဒီလို ကျူးကျော်မှုတွေကို တင်ပြပြီး၊ တရုတ်ဖြူ တပ်တွေ ထိုင်ဝမ်ကို ဆုတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ ကလည်း ဆုံးဖြတ် ချက်ချပေးခဲ့ပါတယ်။ ဘန်ကောက်မှာ ဆွေးနွေးပွဲ အကြိမ်ကြိမ်လုပ်ပြီးတဲ့အခါမှာတော့ တရုတ် ဖြူတပ် ၂ဝဝဝ ပြန်ရုပ်သိမ်း ပေးဖို့၊ တပ်တချို့ လက်နက်ချဖို့ သဘောတူညီချက် ရပါတယ်။ ဒါပေမယ့်လည်း လက်နက်ချလာတဲ့ လက်နက်ကလည်း မီးကျိုး မောင်းပျက်တွေ၊ ထိုင်ဝမ်ကို လေယာဉ်နဲ့ အသုတ်လိုက် ပြန်ဆုတ်ခွာ နေတဲ့သူတွေကို ကြည့်တော့လည်း မိန်းမ၊ ကလေးနဲ့ တိုက်ခိုက်ရေးထဲ မပါသူတွေ ဖြစ်နေပါတယ်။ မြန်မာဖက်ကတော့ အခုအချိန်မှာ ကုလသမဂ္ဂ ကို အားကိုးနေလို့ မဖြစ်တော့ဘူး၊ ကိုယ်တိုင်ရှင်းမှ ရတော့မယ်ဆိုတာမျိုး မြင်လာခဲ့ပါတယ်။

ပြည်တွင်းစစ်မှာ နေ့တဓူဝ ရုံးကန်တိုက်ပွဲဆင်နေရတဲ့ အခြေအနေကနေ၊ နည်းနည်းအေးလာတာနဲ့ အမျှ မြန်မာ့ တပ်မတော် စစ်ရုံးချုပ်မှာ ရှိနေတဲ့ ခေါင်းဆောင်တွေက စစ်တပ်အင်အား တည်ဆောက်ရေးနဲ့ ရေရှည် အတွက် စစ်တပ်ကို ပြင်ဆင်စုဖွဲ့ရေး ကိစ္စတွေကို ၁၉၅၁ ခုနှစ်က စလို့ စဉ်းစားခဲ့ကြပါတယ်။ နိုင်ငံအနေနဲ့ လုံးဝ ဥဿုံ နိုင်ငံခြားစစ်ပွဲကို ကြုံရနိုင် တယ်၊ မြန်မာ့ တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းမှရမယ် ဆိုပြီး စဉ်းစားခဲ့ကြပါတယ်။

စစ်ဗိုလ်ချုပ်တွေက တရုတ်နိုင်ငံဟာ အန္တရာယ်ပေးနိုင်တဲ့ ခြိမ်းခြောက်မှုလို့ ယူဆခဲ့ကြပါတယ်။ တရုတ်ပြည်က ကျူးကျော် လာရင်တောင် အနည်းဆုံး ၃-လကြာ ခုခံစစ်ဆင်နိုင်အောင်၊ နောက်တခုက အမေရိကန်နိုင်ငံက လည်း ကုလသမဂ္ဂ အလံ လွှင့်လို့ ကျူးကျော်လာနိုင်သေးတယ်လို့ တွက်ထားပါတယ်။ တရုတ်ဖြူပြဿနာကတော့ ဒီလို ပြည်ပကျူးကျော်မှုတွေကို ဖြစ်လာစေဖို့ ဖိတ်ခေါ်နေတဲ့ ပြဿနာလို့ သူတို့ယူဆခဲ့ကြပါတယ်။ ဦးနု ကတော့ နိုင်ငံအားလုံးနဲ့ မိတ်ဆွေဖြစ်နိုင်တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် ခန့်ငြားအောင် တုတ်ကြီးကြီးတော့ ရှိထားရမယ်ဆိုတာကိုလည်း မြန်မာ စစ်အရာရှိ တွေက သုံးသပ်ခဲ့ကြပါတယ်။ ဒီလိုသုံးသပ် အပြီးမှာတော့ နိုင်ငံတကာက တပ်တွေ ဘယ်လို ဖွဲ့စည်းထား သလဲ ဆိုတာကို လေ့လာဖို့၊ လိုအပ်တဲ့ စစ်ယန္တ ယား နောက်ဆုံးပေါ် စစ်လက်နက်တွေ ဝယ်ယူဖို့ စစ်အရာရှိတွေကို အရှေ့၊ အနောက်နိုင်ငံ အသီးသီးကို စေလွှတ်ခဲ့ကြပါတယ်။ မေမြို့မှာလည်း ဆင်းဟတ်စ်၊ ဝက်စ်ပွိုင့်၊ စိန့်ဇာ (Saint Cyr) စစ်ကျောင်းတွေကို အတုယူ လို့ ဗိုလ်သင်တန်းကျောင်း၊ ကာကွယ်ရေးစစ်တက္ကသိုလ်ကို ထူထောင်ခဲ့ပါတယ်။ ဒီအချိန်မှာ နောက်ခံကမ္ဘာမှာ ဖြစ်နေတဲ့ စစ်အေးတိုက်ပွဲကိုလည်း ပြန်မြင်ကြည့်သင့်ပါတယ်။ အမေရိကန်-ဆိုဗီယက် ဖက်နှစ်ဖက် စလုံးက သူတို့သြဇာလွှမ်းနိုင်အောင် မြန်မာစစ်တပ်ကို ပံ့ပိုးမှုတွေ ပေးခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ စစ်ရုံးချုပ်က ပိုလို့ စနစ်တကျ လည်ပတ်နိုင်သလို၊ ထိထိရောက်ရောက်လည်း စွမ်းဆောင်လာနိုင်ခဲ့ပါတယ်။ အရပ်သား ကာကွယ်ရေး ဝန်ကြီးက ထိန်းသိမ်းချုပ်ကိုင်နိုင်တယ် ဆိုတာလည်း ဟန်ဆောင်မှုမျှသာ ဖြစ်လာပါတော့တယ်၊ စစ်တပ်က ကိုယ်ပိုင် အုပ်ချုပ်စီမံနိုင်တဲ့ အခွင့်အရေးကိုလည်း တစ တစ ရလာခဲ့ပါတယ်။ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေလည်း နောက်ပိုင်း မှာ ခေါင်းထောင်ထလာခဲ့ပါတယ်။

ရှမ်းပြည်နယ်ထဲ ဆင်နွှဲခဲ့တဲ့ တရုတ်ဖြူကျူးကျော်မှု စစ်ဆင်ရေးမှာ အောင်ပွဲရခဲ့ပေမယ့်လည်း အခြားဆိုးကျိုး တွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရှမ်းပြည်နယ်မှာ စစ်တပ်တွေ အကြီးအကျယ် တိုးချဲ့ချထားမှုတွေ ဖြစ်လာစေပြီး၊ စစ် အုပ်ချုပ် ရေးနဲ့ ကျင့်သုံး အုပ်ချုပ်လာတာ၊ တဖက်မှာ ရှမ်းလူထုတွေအဖို့လည်း စိတ်နာ ကျည်းစရာတွေ ဖြစ်လာခဲ့ ပါ တယ်။ အချို့ရှမ်း ခေါင်းဆောင်တွေကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ လှုံ့ဆော် တောင်းဆိုတာတွေ ရှိလာခဲ့ပါတယ်။ တရုတ်ဖြူတပ် အကျွင်း အကျန် ကူမင်တန်တွေကလည်း ရှမ်းအမျိုး သားရေး သူပုန်ထမှုကို သူတို့အရေးအတွက် မျက်နှာဖုံး အဖြစ် သုံးနိုင်အောင် လှုံ့ဆော်စည်းရုံးခဲ့ကြပါတယ်။ ဒီကိစ္စသာမက တရုတ်ဖြူကျူးကျော်မှုနဲ့အတူ ဘိန်းကုန်ကူးမှုတွေ လည်း ကျယ်ကျယ်ပြန့်ပြန့် စတင်လာပါ တော့တယ်။

ဒီအချက်သာမက စာရေးသူ ဦးသန့်မြင့်ဦးက လွတ်လပ်ခါစ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်စီမံခန့်ခွဲရေး လျှော့လျဲတဲ့ အခြေအနေ ကို လည်း ထောက်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ ခေါင်းဆောင်ဖြစ်လာတဲ့ ပန်ဒစ် နေရူးနဲ့ အခြား ခေါင်းဆောင် တွေက နိုင်ငံရပ်ခြားမှာ အဆင်မြင့်ပညာတွေ သင်ကြားတတ်မြောက်လာကြတဲ့ အပြင်၊ ၁၉၃ဝ ခုနှစ် ကာလ ပိုင်းတွေ ကတည်း က အစိုးရလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရ ထားကြပါပြီ။ မြန်မာနိုင်ငံကို ပြန်ကြည့်တဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းအပါဝင်၊ လူငယ်ခေါင်းဆောင်တွေက အသက် ၃ဝ တန်းမျှသာပဲ ရှိပါသေးတယ်။ တက္ကသိုလ်ကျောင်းသား ဘဝ ကနေ နိုင်ငံရေးထဲကို ဝင်လာကြတဲ့သူ တွေ ဖြစ်လို့ အစိုးရ အတွေ့အကြုံလည်း အတော် နည်းကြပါတယ်။ တကယ်အစိုးရတခု ဘယ်လိုလည်ပတ် သလဲဆိုတာ နားလည်သူ မရှိသလောက်ပဲလို့ စာရေးသူ ဦးသန့်မြင့်ဦးက သုံးသပ်ပါတယ်။ အဲသည်အထဲမှာ ပြောစရာရှိတာက ဦးတင်ထွဋ်ပါ။ ပညာတတ်တဦးဖြစ်တဲ့အပြင် ဗြိတိသျှအုပ်ချုပ်ရေးဌာနမှာလည်း အဆင့်မြင့် တာဝန်ယူခဲ့ဖူး သူပါ။ သူက နောက်ပိုင်းလွတ်လပ်ရေး လှုပ်ရှားမှုမှာ ဗိုလ်ချုပ် တို့နဲ့ လက်တွဲခဲ့ပြီး၊ လွတ်လပ်ရေး ရတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်း ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ လ လွတ်လပ်ရေးရပြီး ခါစ ၉-လ အကြာမှာပဲ နေ့ခင်းကြောင်တောင်ကြီးမှာ သူ့ကားထဲကို လက်ပစ်ဗုံးနဲ့ ပစ်သွင်းပြီး လုပ်ကြံ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ အခုအချိန်အထိ သူ့ကိုလုပ်ကြံတာ ဘယ်သူဆိုတာ မပေါ်ပေါက်ခဲ့သလို၊ အခုအချိန်အထိလည်း ဘယ်သူသတ်တယ်ဆိုတာ မြန်မာ့သမိုင်းမှာ မပေါ်လာခဲ့ပါဘူး။

အဲဒါအပြင် အဲသည်အချိန်က ငယ်ရွယ်မာန်တက်နေတဲ့ ခေါင်းဆောင်တွေအကြောင်းကို အနည်းအကျဉ်းဖော်ပြ ခဲ့သော် လည်း၊ မြန်မာ့နိုင်ငံရေးမှာ ကပ်သင့်စေတဲ့ ဂိုဏ်းဂဏဝါဒနဲ့ ဖဆပလ ပါတီအတွင်း အကွဲအပြဲတွေကို တော့ ဒီစာအုပ်မှာ အနည်းအကျဉ်း မျှသာပဲ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော လွတ်လပ် ရေးရပြီး မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီစနစ် အောက် မှာ ကမ္ဘာ့မိသားစုအလယ်ကြား ဝင့်ºကွားထည်ဝါစွာနဲ့ တာဝန်သိတဲ့နိုင်ငံတခု ဖြစ်ခဲ့တယ်လို့ သူက သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဆိုလိုတာကတော့ ဘက်မလိုက် လှုပ်ရှားမှု၊ ဘန်ဒေါင်းမူ စသဖြင့် လှုပ်ရှားမှုတွေမှာ ခေါင်းဆောင် နိုင်ခဲ့တဲ့အပြင်၊ နောက်ပိုင်း ဦးသန့်ကလည်း ကုလသမဂ္ဂမှာ အထွေထွေအတွင်း ရေးမှူးချုပ်တာဝန်အထိ တက်ယူနိုင်ခဲ့ပါ တယ်။ ဦးနုဦးဆောင်တဲ့ ဒီမို ကရေစီ အစိုးရ လက်ထက်မှာလည်း အနည်းနဲ့ အများဆိုသလို ဒီမိုကရေစီအခွင့်အရေးတွေ ခံစားနိုင်ခဲ့တယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက သုံးသပ်ပြခဲ့ပါတယ်။ အကြောင်းက အဲသည်ခေတ်က အာရှတိုက်မှာတောင် အလွတ်လပ်ဆုံးလို့ ပြောနိုင်တဲ့ စာနယ် ဇင်းအခွင့်အရေးတွေ၊ ကျန်တဲ့ နိုင်ငံသားအခွင့်အရေးတွေကို အခြေခံ ပြီး ပြောတာ ဖြစ်ပါတယ်။ နောက်တပတ် မှာတော့ တော်လှန်ရေးကောင်စီ အာဏာသိမ်းနောက်ပိုင်း အခြေအနေကို ဆက်လက်တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s