ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (နောက်ဆုံးပိုင်း)။ မေးခွန်းများ

Posted: July 25, 2011 in သမိုင်း

ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ နောက်ဆုံး အခန်းကိုတော့ “စာကြွင်း” အဖြစ် ဆက်လက်တင်ပြခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းအခြေအနေတွေ အထိကို ခြုံငုံ သုံးသပ် တင်ပြထားပါ တယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ဒီစာအုပ်ဖတ်နေစဉ် ကာလမှာ အခြားမြန်မာသမိုင်းနဲ့ဆိုင်တဲ့ စာအုပ်တွေကိုလည်း ကျနော် ယှဉ်တွဲ ဖတ်နေမိခဲ့ပါတယ်။ ဒီအခါမှာ တူညီချက်တွေတွေ့ရသလို၊ ကွဲလွဲချက်တွေလည်း တွေ့ခဲ့ရပါတယ်။

ပထမအချက်ကတော့ ပုဂံကာလ သမိုင်းကိစ္စတွေမှာပါ။ ပုဂံသမိုင်းကိုပြောရင် တုတ်ထမ်း၊ ဓါးထမ်းပြောရတယ် ဆိုတာမျိုးရှိတော့ ကွဲလွဲချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါ့အပြင် အချို့ ကွဲလွဲချက်တွေလည်း တွေ့ခဲ့ရပါ သေးတယ်။ ဥပမာ- ရခိုင်မင်းနေပြည်တော် မြောက်ဦးကို (Monkey egg) မြောက်ဥလို့ ဘာသာပြန်ထားတာမျိုး၊ နောက်တခါ တပင်ရွှေထီး ကွယ်လွန်တဲ့ကိစ္စလည်း လွဲနေတာတွေ့ရပါတယ်။ ဒါပေ မယ့်လည်း ဘာပဲဖြစ်ဖြစ် ဒီလို လွဲနေတဲ့အချက်လောက်တွေလောက်နဲ့တော့ စာအုပ်ကို မပစ်ပယ်သင့်ဘူး။ ဖတ်သင့်တဲ့ စာအုပ်တအုပ် လို့ပဲ ညွှန်းချင်ပါတယ်။

ပထမအချက်က အကြောင်းကတော့ စိတ်ဝင်စားဖွယ် ချယ်မှုန်းထားတဲ့ အရေးအသားကြောင့်ပါ။ ဒုတိယ အချက်ကတော့ စာအုပ်က မြန်မာ့သမိုင်းကို ကမBာ့အခြေအနေ၊ ခေတ်ပြိုင်အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်လို့ ရေးသားဖော်ပြထားတဲ့ အချက်ပါပဲ။ ကျနော်တို့ ကျောင်းသားဘဝက သမိုင်းဘာသာရပ် သင်ကြားရတဲ့အခါ ကမ္ဘာ့သမိုင်းက သက်သက်၊ မြန်မာ့ သမိုင်းက သက် သက် မချိတ်ဆက်မိဘူး ဖြစ်ခဲ့ကြပါတယ်။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးဆိုတဲ့ အစိုးရရဲ့ ပညာရေး ရည်ရွယ်ချက်တွေ ကြောင့်လည်း သမိုင်းကို မပြည့်မစုံ ပုံဖော် တာကို ဖတ်မှတ်လေ့လာခဲ့ကြရပါတယ်။ ဦးသန့်မြင့်ဦး စာအုပ် မှာတော့ ကမ္ဘာ့အခြေ အနေတွေကိုပါ နှိုင်းယှဉ် လေ့လာနိုင်ခဲ့ပါတယ်။

စာအုပ်နောက်ပိုင်း စာကြွင်းမှာတော့ သူက ၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း အခြေအနေတွေ ကိုပါ စာရေး သူက ထည့်သွင်းသုံးသပ်ဖော်ပြခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကာလမှာတော့ စာရေးသူက လူငယ်လေး တဦး၊ တက်ကြွစိတ်နဲ့ အောင်ပွဲခံမယ်လို့ ယုံကြည်မျှော်လင့်နေခဲ့ဘူးပါတယ်။ သံဃာတွေဦးဆောင်တဲ့ ရွှေဝါ ရောင်တော်လှန်ရေး ဖြစ်လာတဲ့အခါ မှာတော့ သူ့မှာ ဒီလို အလားတူအမြင်တွေ မရှိတော့ဘူး၊ စိုးရိမ်စိတ်နဲ့သာ စောင့်ကြည့်နေမိတော့တယ် ဆိုတာလည်း ရေးခဲ့ ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေက အချိန်သင့် ဖြစ်ခဲ့တာပါ။ ၁၉၈၈ ထက်စာရင် နိုင်ငံတကာ သတင်းမီဒီယာ တွေမှာ အများဆုံးနေရာယူခဲ့သလို၊ နိုင်ငံတကာ မှာလည်း မြန်မာ့အရေးကို အများဆုံး သိမြင် နားလည်လို့ လှုပ်ရှားနေကြတဲ့ အချိန်၊ မြန်မာ့အရေးတက်ကြွလှုပ် ရှားသူတွေကလည်း နိုင်ငံတကာကို ခြေဖြန့်ထားကြ တဲ့အချိန်ပါ။ ဆန္ဒပြပွဲတွေရဲ့အဆုံး နိဂုံးကို သူက တမျိုးထင် မြင်နေခဲ့ပါတယ်။ ဖျက်ဆီး၊ ချေမှုန်းခံရလေမယ်ဆိုတဲ့စိတ်က ကဲနေခဲ့တယ် ဆိုပါတယ်။ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ မှာတော့ ၈၈ ကနဲ့မတူဘဲ နိုင်ငံတကာ ပြစ်တင်ရှုံ့ချမှုတွေကလည်း အလျှင်အမြန်ပေါ် ထွက်လာပါတယ်။ ဒါပေ မယ့် အချိန်နဲ့အမျှ မြန်မာ့သတင်းက နိုင်ငံတကာ စာမျက်နှာတွေပေါ်က ပြန်ပျောက် ကွယ်သွားကြပြန်ပါတယ်။ ရန်ကုန်မြို့ ကောင်းကင်မှာ ယမ်းခိုးတွေစဲတဲ့အခါမှာတော့ မြန်မာနိုင်ငံ အခြေအနေက တုန်လှုပ် စိတ်ပျက်ဖွယ် လက်တွေ့ တကယ့်ဘဝထဲ မှာပဲ ပြန်တွေ့ကြရပြန်ပါတယ်တဲ့။

သူကတော့ လမ်းမပေါ်ဆန္ဒပြပွဲတွေနဲ့တော့ စစ်အစိုးရကို ဖြုတ်ချနိုင်ခြေ မရှိဘူးလို့ သုံးသပ်ပါတယ်။ အစိုးရ ဖြုတ်ချ ပြောင်းလဲ ရေးဆိုတာလည်း စစ်တပ်အုပ်စုတစုက အာဏာသိမ်း၊ အစိုးရပြောင်းမှသာ ဖြစ်နိုင်ခြေ ရှိပါ တော့မယ်။ ဒါပေမယ့် ဒီလို စစ်တပ် ကွဲထွက်တာမျိုး မဖြစ်ရလေအောင် စစ်တပ်ကို စုစည်းပြင်ဆင်ထားခဲ့တယ် ဆိုတာ သူက ပြောပါတယ်။ နောက်ဖြစ်နိုင်ခြေ တခုကတော့ စစ်တပ်က အကြီးအကျယ်ဖိအားတွေ ကြုံလာမယ်၊ လမ်းမပေါ်အခြေအနေတွေက ထိန်းမနိုင် သိမ်းမရဖြစ်လာလို့ ဒေါ်အောင်ဆန်းစုကြည်ကို လမ်းဖွင့်ပေးပြီး ဒီမိုကရေစီအပြောင်းအလဲတွေ လုပ်လာ စေဖို့ပါပဲ။ ဒီလိုဖြစ်နိုင်ခြေကလည်း လာခဲ့ တဲ့ နှစ်တွေမှာ မတွေ့ခဲ့ရလေ ဘူးလို့ သူက သုံးသပ်ပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံအတွက် အဖြေက ဘယ်လိုဖြစ်မလဲပေါ့။ စာရေးသူ ဦးသန့်မြင့်ဦးကတော့ ဒီစာအုပ်မှာ သူ မြင်တာကို ရှုထောင့်ပေါင်းစုံက တင်ပြခဲ့ပါတယ်။ အကယ်၍ ကျနော်တို့က နိုင်ငံရေးကိစ္စကိုချည်း ရှေ့တန်းတင်၊ ဗဟိုပြုနေတဲ့အခါမှာ စစ်တပ်ကို ပြစ်တင်ရှုံ့ချတာ၊ စီးပွားရေး ပိတ်ဆို့တာ ဒီလိုနဲ့ပြောင်းလဲမှု ဖြစ်လာဖို့ စဉ်းစား ကြမယ် ဆိုပါတယ်။ သူကတော့ ဒီလို မြင်ကွင်းတွေကို နိုင်ငံရေးကိစ္စသက်သက်သာမက ပိုလို့ ချဲ့ထွင်ကြည့်သင့် တယ်လို့ မြင်ပါတယ်။ နောက်တခုက တိုင်းရင်းသား အရေးပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားပေမယ့်လည်း ငြိမ်းချမ်း ရေးက ဝေးနေပါသေး တယ်။ အကြမ်းဖက်မှုတွေ အချိန်မရွေး ပြန်ဖြစ် လာနိုင်ခြေလည်း ရှိနေပါသေးတယ်။

နောက်တချက်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေပါ။ မြန်မာနိုင်ငံက သဘာဝသယံဇာတ ဓါတ်ငွေ့သိုက်တွေ အပေါ် ခွထိုင်ထားသော်လည်း ဒီအကျိုးဆက်တွေကို ပြည်သူတွေ မခံစားကြရပါဘူး။ ဒီအခြေအနေ မှာ ပြည်သူအများစုက ပိုဆင်းရဲ လာ၊ ကျန်းမာရေး ပညာရေး အခြေအနေတွေကလည်း ယိုယွင်းလာနေပါတယ်။ တိုင်းပြည်အတွင်းမှာ နိုင်ငံတကာ အကူအညီ တွေလည်း မရနိုင်ကြပါဘူး။ ဒီတော့ မြန်မာပြည်မှာ ဖြစ်လာနိုင်တဲ့ “ခြောက်အိပ်မက်ဆိုး” အခြေအနေကို သူက တွက်ပြပါတယ်။ အခြေအနေတွေက မပြောင်းလဲဘဲ ပိုဆိုးလာတဲ့ အခြေအနေမှာ ကျနော်တို့ ဒီမိုကရေစီအရသာ ခံစားစေ ချင်တဲ့ ပြည်သူတွေက ပိုလို့မွဲပြာကျရမယ့် အခြေအနေပါ။

နိုင်ငံရေးရဲ့ အရေးပါမှုကို သူက ငြင်းပယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေ နဲ့ ပြဿနာတွေရဲ့ ရှုပ်ထွေးပွေလီမှုကို သူက ဒီစာအုပ်မှာ မြင်အောင်တင်ပြခဲ့တယ်လို့ ပြောပါ တယ်။ အဖြေကတော့ အလွယ် မရှိပါဘူး။ ဆေးမြီးတို ဖြတ်လမ်းလည်း မရှိပါဘူး။ ဒါပေမယ့် မျိုးဆက်တွေ ပြောင်းလဲမှုတွေက မလွဲမသွေ ကြုံကြ မယ်။ မြန်မာ နိုင်ငံကို အထီးကျန်ဖြစ်အောင် ပိတ်ပင်မထားသင့်ဘူး။ ပိုလို့ ပွင့်လင်းလာခြင်းအားဖြင့်၊ ပိုလို့ ကုန်သွယ်ခြင်း အားဖြင့်၊ ပိုလို့ ပေါင်းသင်းဆက်ဆံခြင်းအားဖြင့်၊ စီးပွားရေး ပြုပြင်ပြောင်းလဲခြင်းအားဖြင့်၊ နိုင်ငံတော် ယန္တယားစနစ်တွေကို စနစ်တကျ ပြန်လည်တည်ဆောက်ခြင်း အားဖြင့်၊ အရပ်ဖက် လူမှုအဖွဲ့အစည်း ကလေးတွေ ဖွံ့ဖြိုးလာခြင်းအားဖြင့်သာ တဖြည်းဖြည်း ရေရှည်သွားရ လိမ့်မယ်လို့ စာရေးသူက သုံးသပ်ခဲ့ပါတယ်။ ဒီလိုတင်ပြချက်တွေကြောင့်လည်း သဘောထား ကွဲလွဲတဲ့သူ အများက ဒီစာအုပ်ကို ဝေဖန်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ဒီစာအုပ်က အငြင်းထွက်ဖွယ် စာအုပ်တအုပ်အဖြစ် ရှိနေခဲ့ကြောင်း တင်ပြရင်း နိဂုံးချုပ်ပါရစေ။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s